အခန်း(၃၆)/အခနျး(၃၆)

20.3K 3K 267
                                    

Zawgyi
ဒီအချိန်​မှာ​တောင်​, သူ စိတ်​​အေး​တည်​ငြိမ်​​အောင်​ ထိန်းထားနိုင်​တုန်းပဲ။ စိတ်​ပိုင်းဖြတ်​ခြင်းနှင့်​အတူ ​ရှောင်​ယဲ့ ကိုယ့်​ကိုယ်​ကို ထိန်းကာ ခန္ဓာကိုယ်​ကို ငြိမ်​​အောင်​လုပ်​လိုက်​သည်​။ လက်​ထဲမှာအိတ်​ကိုဆွဲပြီး ကျိုယဲ့ ကားထဲက​နေထွက်​လာပြီး ​ရှောင်​ယဲ့မတ်​တပ်​ရပ်​​နေ​သေးတာကို ​တွေ့လိုက်​ရ​တော့ သူ နားမလည်​ဖြစ်​သွားပြီး ​မေးလိုက်​​တော့တယ်​။ "မင်း ဘာလို့အထဲမဝင်​တာလဲ?"

ဒါ​ပေမဲ့ သူအနားကိုတိုးသွားတဲ့အချိန်​မှာပဲ, ​လေထဲမှာ သိသာမြင်​သာတဲ့ pheromone ရနံ့ပါးပါးကို သူ အနံ့ရလိုက်​သည်​။

"Fuck me! အထဲမြန်​မြန်​ဝင်​​တော့။ ဒီရှီ​လေး, ငါ့ကိုစိတ်​ဆင်းရဲ​အောင်​မလုပ်​ပါနဲ့ကွာ"
နှစ်​​တွေအများကြီး တစ်​ကိုယ်​တည်းသမား အယ်​လ်​ဖာ ကျိုယဲ့က​တော့ သူ ​ရှောင်​ယဲ့ကို ကူညီ​ပေးသင့်​သလား, မကူညီ​ပေးရဘူးလားဆိုတာကို မသိ​တော့တာ​ကြောင့်​ ပျာယာခတ်​​နေ​တော့သည်​။

ရှောင်​ယဲ့ အိတ်​ကိုယူကာ အသက်​ပြင်းပြင်းရှူလိုက်​ပြီးမှ ခပ်​မာမာအသံနဲ့ ​ပြောလိုက်​​တော့တယ်​။
"ကျွန်​​တော်​ အဆင်​​ပြေပါတယ်​, သွားရ​အောင်​"

သော့က တံခါးရဲ့​သော့ခ​လောက်​ထဲကို ထိုးထည့်​ခြင်းခံလိုက်​ရပြီး အလှည့်​ခံလိုက်​ရသည်​, ဆူညံသံက အတွင်းထဲက လူကို အလန့်​တကြားဖြစ်​သွား​စေသည်​။

"ရွှဲကျန်း!"
ဝမ်​ကျိုက အထဲက​နေ အပြင်​ကို​ပြေးထွက်​လာ​တော့မတတ်​ပင်​။ slippers ​တောင်​မဝတ်​ဘဲနဲ့။ ဒါ​ပေမဲ့, ​ရှောင်​ယဲ့က ကျိုယဲ့နဲ့ ​ဘေးချင်းကပ်​လျက်​ဝင်​လာတာကို သူ​တွေ့လိုက်​ရတဲ့အချိန်​မှာ, သူ ချက်​ချင်းကိုပဲ ​နေရာမှာ​အေးခဲ​တောင့်​သွား​တော့သည်​။

ရှောင်​ယဲ့ရဲ့ မျက်​နှာထားသည်​လည်း ​အေးစက်​သွားသည်။ သူ အ​ရှေ့ကို ​ခြေတစ်​လှမ်းလှမ်းလိုက်​ပြီး ကြမ်းကြမ်းတမ်းတမ်း စကား​တွေ ​ပြော​တော့မလို့ပဲ။ ရုတ်​တရက်​, သူ့​နောက်​​ကျောက ခပ်​ပြင်းပြင်းအတွန်းခံလိုက်​ရပြီး သူ့ခန္ဓာကိုယ်​တစ်​​ခုလုံးကလည်း မသိလိုက်​မသိဘာသာ​နေ​နေတဲ့ ဝမ်​ကျို့ထံကို တွန်းပို့ခံလိုက်​ရ​တော့သည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now