အခန်း(၄၅)/အခနျး(၄၅)

18.6K 2.6K 81
                                    

Zawgyi
တစ်​လတာ ​ဆောင်းရာသီပိတ်​ရက်​က အရမ်းကြီးကြာရှည်​လွန်းသည်​လည်း မဟုတ်​​ပေ။ အရမ်းကြီးတိုလွန်း​နေတာလည်း မဟုတ်​ပြန်​ဘူး။ ​ရှောင်​ယဲ့ ဝမ်​ကျို့အိမ်​မှာ ၃ပတ်​တာ ​နေပြီးမှပဲ, ​နောက်​ဆုံး​တော့ အလုပ်​ကိစ္စခရီးက​နေပြန်​​ရောက်​လာတဲ့ ခါးသီးစွာနဲ့အထီးကျန်​​နေသည့်​ သူ့ပါးကိုအ​ဖော်​ပြု​ပေးဖို့ ​နောက်​ဆုံးအပတ်​​တော့ အိမ်​ကိုပြန်​သွားလိုက်​သည်​။

စာသင်​နှစ်​အသစ်​ရဲ့ပထမဆုံး​နေ့, အ​ဆောင်​ဆီကိုဦးတည်​ပြန်​​နေစဉ်​, အရင်​အတိုင်း ​အိမ်​မှုကိ​စ္စ​ကောင်း​ကောင်းထိန်းသိမ်းနိုင်​သည့်​လူဖြစ်​သည့်​ ဝမ်​ကျို အ​ဆောင်​ခန်းကိုသန့်​ရှင်း​ရေးလုပ်​ပြီးပြီလို့ မက်​​ဆေ့ခ်ျ​ပို့တဲ့အချိန်​မှာ ​ရှောင်​ယဲ့က​တော့ လမ်းမှာပဲရှိ​သေးတယ်​။

အဲ့ညမှာပဲ, သူကို့တစ်​လ​ကျော်​​လောက်​မ​တွေ့ရတဲ့ လျို့ဟန်​နဲ့ ​ရှောင်​​ရှောင်​က သူ့ကို အပြင်​ထွက်​ ​ဟော့​ပေါ့သွားစားရ​အောင်​ဆိုပြီး မြူဆွယ်​လာသည်​, အထူးသဖြင့်​ သူ့ရဲ့မိသားစုဝင်​ကို​ခေါ်လာဖို့ သူ့ကိုအမိန့်​လည်း​ပေးလိုက်​​သေးတယ်​။

ရှောင်​ယဲ့ အဲ့မက်​​ဆေ့ခ်ျ​ကို သ​ရော်​လိုက်​​ပေမဲ့ သူတို့ရဲ့ဆန္ဒကို​တော့ ဖြည့်​​ဆည်း​ပေးလိုက်​ပါတယ်​​လေ, ယုံကြည်​ချက်​ရှိရှိနဲ့ ဝမ်​ကျို့ကို အတူ​ခေါ်သွားလိုက်​တယ်​။

သူနဲ့ဝမ်​ကျို ဆိုင်​ထဲကိုဝင်​လိုက်​လျှင်​ခြင်းပဲ, လျို့ဟန်​ရဲ့ စူးရှတဲ့မျက်​လုံး​တွေက သူတို့ကို​တွေ့သွားသည်​။ လျို့ဟန်​ သူကိုလှုပ်​ယမ်းလိုက်​ပြီး ​အော်​​ခေါ်လိုက်​သည်​။
"​ရှောင်​.........ယဲ့​ပေါင်​, ဒီလိုလာထိုင်​"

ရှောင်​ယဲ့ အံကိုကြိတ်​ကာ, ဒီ​ကောင်​က​တော့ ကံအ​ကြောင်းမလှစွာနဲ့ သူ့စကား​တွေကိုမှတ်​မိတယ်​ဆို​ပေမဲ့ ဒီနာမည်​​ပြောင်​ကြီးက​တော့ စိတ်​တိုစရာပဲ။ ​ရှောင်​ယဲ့ ​အဲ့ကို​လျှောက်​သွားလိုက်​ပြီး လျို့ဟန်​ကို ထုရိုက်​ပလိုက်​သည်​။
"အဲ့နာမည်​ကို ​နောက်​တစ်​ကြိမ်​ထပ်​​ခေါ်ကြည့်​စမ်း, ဘာဖြစ်​မလဲ ကြည့်​ရ​အောင်​?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now