အခန်း(၅၄)/အခနျး(၅၄)

19.5K 2.6K 146
                                    

Zawgyi
နောက်​​နေ့မနက်​ခင်းတွင်​​တော့, ​တောက်​ပသည့်​​နေ​ရောင်​ခြည်​က ခန်းဆီး​လိုက်​ကာကို ထိုး​ဖောက်​ဖြတ်​သန်းပြီး ​သူ့ရဲ့မျက်​ခွံ​ပေါ်ကို ကျဆင်းလာသည်​။ ​ရှောင်​ယဲ့ မဖွင့်​ချင်​ဖွင့်​နဲ့ မျက်​လုံးကို​မှေးဖွင့်​လိုက်​ပြီး အိပ်​ရာ​ပေါ်လှိမ့်​ဦးမယ်​ဆိုတဲ့ အကြံနဲ့ ကိုယ်​ကို နည်းနည်း​ရွေ့လိုက်​​တော့ ထိုးတက်​လာတဲ့နာကျင်​မှု​ကြောင့်​ အသက်​ရှူမှားသွားရတယ်​။

ဝမ်​ကျိုအိပ်​ခန်းတံခါးကို ဖွင့်​ရုံပဲရှိ​သေးတာ​ကြောင့်​ ​ရှောင်​ယဲ့​နိုး​နေတာကို သူမြင်​လိုက်​ရ​တော့ ချက်​ချင်းပင်​ အလျင်​အမြန်​​ပြေးသွားကာ ​ရှောင်​ယဲ့ထထိုင်​လို့ရ​အောင်​ ကူညီ​ပေးလိုက်​သည်​။

အိပ်​ရာ​စောင်​က ​အောက်​ကို​လျှောကျသွားပြီး သူ့ရဲ့အဝတ်​စလစ်​ကိုယ်​ ​ပေါ်ထွက်​လာသည်​။ အမှတ်​အသားအလုပ်​မခံရတဲ့အပိုင်း လုံးဝမရှိသ​လောက်​ကို သူ့ရဲ့ခန္ဓာကိုယ်​မှာ နီနီရဲရဲအမှတ်​​တွေ ဖုံးလွှမ်း​နေတာကို ​ရှောင်​ယဲ့ ​တွေ့လိုက်​ရတယ်​။

သူ့​ခေါင်းက နည်းနည်းမူး​နောက်​​နောက်​ဖြစ်​​နေ​သေးတဲ့အတွက်​ ​ရှောင်​ယဲ့ တကယ်​ပဲ ဘာဖြစ်​​နေလဲဆိုတာ နားမလည်​ဘူး။ ဝမ်​ကျို သူ့လက်​ထဲက ပလတ်​စတစ်​အိတ်​ထဲမှာရှိ​နေတဲ့ ​ဆေးဘူးကို ထုတ်​ယူလိုက်​ပြီး ဖွင့်​လိုက်​သည်​။ ​ဆေးလုံး​လေးတစ်​လုံးကို ယူကာ ​ရှောင်​ယဲ့ဆီကို ​ရေတစ်​ခွက်​နဲ့ ​ဆေးလုံးကို ကမ်း​ပေးလိုက်​ပြီး,
"ဒါဝယ်​ဖို့ ကျွန်​​တော်​အပြင်​ထွက်​သွားတာ,​သောက်​လိုက်​​နော်​...."

"ဒီဟာ...............*အဟွတ် အဟွတ်​*............."
ရှောင်​ယဲ့ရဲ့အသံက အ​တော်​က​လေးကို အက်​ကွဲ​နေတာ​ကြောင့်​ သက်​သာသွား​အောင်​ သူ ​ရေ​နွေး​နွေးကို တစ်​ငုံ,နှစ်​ငုံ​လောက်​ ​သောက်​လိုက်​သည်​။

"ဒါ ဘာကြီးလဲ?"

ဝမ်​ကျို့နားရွက်​ထိပ်​ဖျား​လေး​တွေက အနီ​ရောင်​​ပြောင်းသွားပြီး သူ ရှက်​ရှက်​နဲ့ပဲတိုးတိုး​လေးကပ်​​ပြောလိုက်​သည်​။
"ကိုယ်​ဝန်​တား​ဆေး......"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now