အခန်း(၁၆)/အခနျး(၁၆)

16K 3K 91
                                    

Zawgyi
တည်​​ထောင်​ခြင်းနှစ်​ပတ်​လည်​​နေ့ကို တစ်​​ကျောင်းလုံး ပါဝင်​ကျင်းပကြသည်​။

မနက်​ပိုင်းမှာ​တော့ ​ကျောင်းရဲ့ ​လူတစ်​​ထောင်​ဆန့်​တဲ့​ဟောခန်းကြီးထဲမှာ ဋ္ဌာနတိုင်းက ပြဇာတ်​​တွေ တင်​ဆက်​ကြသည်​။ အများစုက​တော့ သာမာန်​ talent show ပြဇာတ်​​တွေပါပဲ။ ပြီး​တော့ အိပ်​ငိုက်​​​အောင်​စွမ်း​ဆောင်​နိုင်​တဲ့ ကဗျာဖတ်​တာ​တွေလည်း ပါသည်​။

ရှောင်​ယဲ့တို့ ဋ္ဌာနရဲ့ တက္ကသိုလ်​ရဲ့ ကဏ္ဍတိုင်းကို ​ပျစ်​ပျစ်​နှစ်​နှစ်​​ဝေဖန်​ထားတဲ့ Tတက္ကသိုလ်​နယ်​​မြေရဲ့ 10-person sketch on the characteristics က ပရိတ်​သတ်​​တွေရဲ့ တခဲနက်​အား​ပေးသံ​တွေနဲ့ ဟိန်း​နေသည်​။ ပရိတ်​သတ်​​တွေကြားထဲမှာ ပါ​နေတဲ့ ​ကျောင်းသား​အကုန်လုံး​က​တော့ ​ပျော်​ရွှင်​မှု​တွေနဲ့ ရယ်​​မော​နေကြသည်​။
ရှောင်​ယဲ့ အဲ့တာကို ​လေ့ကျင့်​ချိန်​တုန်းက မ​ရေမတွက်​နိုင်​​အောင်​ မြင်​ဖူးပြီးပြီဆို​ပေမဲ့လည်း သူ သူ့တို့ကို ဂုဏ်​ပြုချီးမွန်းတဲ့မျက်​နှာ​လေး​တော့ ပြလိုက်​သည်​။

နေ့လည်​ဘက်​​ရောက်​မှပဲ အမျိုးမျိုး​သောအသင်းအဖွဲ့​တွေရဲ့ ဆိုင်​ခန်းငယ်​​လေး​တွေက ဖွင့်​​လေသည်​။ လျို့ဟန်​နဲ့ ​ရှောင်​​ရှောင်​က သူ့ကိုဆွဲ​ခေါ်သွားပြီး​တော့ ပတ်​ပြီးလမ်း​လျှောက်​ကြရ​အောင်​ဆိုပြီး အပြင်းအထန်​ကို​တောင်းဆို​နေကြ၏။ လမ်း​တစ်​​လျှောက်​မှာရှိတဲ့ ဂိမ်း​တော်​​တော်​များများကို ​ဆော့ပြီးသွား​တော့ သူတို့​တွေ မြှားပစ်​ရတဲ့ရုံငယ်​​လေး တစ်​ခုကို အမှတ်​မထင်​​တွေ့လိုက်​ရသည်​။ ရုံငယ်​မှာ တာဝန်​ကျ​နေတဲ့ ဝမ်​ကျို့ကိုပါ ​တွေ့လိုက်​ရသည်​။

ရှောင်​ယဲ့ အသင်းနာမည်​ကို တစ်​ချက်​​ဝေ့ကြည့်​လိုက်​သည်: Astronomy Club. မြှားပစ်​တဲ့ ဘုတ်​ပြား​ပေါ်မှာ ပတ်လမ်းေ​​တွအများကြီး​ရှိတာကို ​တွေးကြည့်​စရာ​တောင်​ မလိုဘူး။

ဝမ်​ကျို ​ရှောင်​ယဲ့ကိုမြင်​သွားပြီး တစ်​ခြားလူ​တွေအားလုံးရဲ့
ပမာဏထက်​နှစ်​ဆ​လောက်​ရှိတဲ့ မြှား​တွေကို သူ့ကိုချက်​ချင်းပဲ ​ပေး​တော့သည်​။ ဝမ်​ကျိုက ပြုံးပြီး​တော့​ပြောသည်​။
"ရွှဲကျန်း၊ ပစ်​ချက်​​တွေအတွက်​ဆု​တွေရှိတယ်​"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now