အခန်း(၃၂)/အခနျး(၃၂)

17.2K 2.8K 144
                                    

Zawgyi
မနက်​ပိုင်းမှာ​တော့, ဝမ်​ကျိုရဲ့ သက်​​တောင့်​သက်​သာနှင့်​ဇိမ်​ရှိပြီး ​နွေး​ထွေးလှတဲ့ ဖက်​တွယ်​မှုက​နေ ​ရှောင်​ယဲ့ နိုးထာလာ​သည်​။ အိပ်​ယာက ကြီးတာသိသာတယ်​ဆိုတာ​တောင်​မှ သူတို့နှစ်​​ယောက်​က​တော့ သူတို့အ​ဆောင်​ခန်းမှာတုန်းကလိုမျိုး ပူးကပ်​​နေ​​လေရဲ့။ ​ရှောင်​ယဲ့ သူကိုယ်​တိုင်​​တောင်​ ဒါကို ​အော့အန်​ချင်​စရာ​ကောင်းတဲ့ lovey-dovey လိုမျိုးခံစား​ရသည်​။

သွားတိုက်​လို့ပြီး​တော့, ​ရှောင်​ယဲ့ ညအိတ်​ဝတ်​စုံနဲ့ပဲ ​အောက်​ထပ်​ကို ဆင်းသွားလိုက်​သည်​။ အမှတ်​တမဲ့ သူ့ရဲ့ဖိုသီဖတ်​သီ ဆံပင်​ကို သူ့ရဲ့လက်​​ချောင်း​တွေနဲ့ ဖြီး​နေမိသည်​။ ထမင်းစားခန်းမှာ မနက်​စာစား​နေတဲ့ ကျိုယဲ့ကို ​ရှောင်​ယဲ့ ​တွေ့လိုက်​ရပြီး ဒီလိုမျိုး သူတို့နဲ့အတူ​နေ​နေတဲ့ တစ်​ခြားလူတစ်​​ယောက်​ရှိ​သေးတယ်​ဆိုတာကို ပြန်​သတိရသွားသည်​။

သူ့ပုံစံက သူ့ကို ရှက်​စရာ​ကောင်းပြီး ကသိက​အောက်​ဖြစ်​​စေတဲ့ အကျပ်​အတည်းကို တွန်းပို့​နေ​ပေမဲ့ ပထမဆုံး မျက်​နှာချင်းဆိုင်​​တွေ့ဆုံချင်းမှာကတည်းက သူ ​ဖွင့်​ပြပြီးသား​လေ။ အဲ့ဒါ​ကြောင့်​ သူ ပုံမှန်​အတိုင်း ဝင်​ထိုင်​လိုက်​ပြီး ​ပေါ့​ပေါ့ပါးပါး စကား​ပြောဆို​တွေး​နွေးလို့ရမဲ့ ​ခေါင်းစဉ်​ကို ကြိုးစားရှာ​ဖွေလိုက်​သည်​။

"​ကော, ​ဒီမနက်​စာကို ​ကောလုပ်​တာလား?"

(T/N ညီကိုလိုချင်​ရင်​ ​ယောက်​ဖကို ကပ်​ပါတဲ့ ​ရှောင်​ယဲ့ ​လော့ဂျစ်​)

ကျိုယဲ့က ပြုံးပြ​လေသည်​။
"ငါ ​အောက်​ဆင်းလာ​တော့ ဒါက ဒီမှာရှိ​နေတာ။ ဒါကို လုပ်​တဲ့လူက မနက်​​စော​စောထတဲ့ အားကျိုပဲ ဖြစ်​ရမယ်​"

ရှောင်​ယဲ့ ဇွန်းကိုယူလိုက်​ပြီး အဲ့ဒီခွက်​ထဲက ဆန်​ပြုတ်​ကို ​မွှေလိုက်​သည်​။ ​သူ ကြက်​ဥ​ကြော်​နဲ့ ပန်းကန်​ပြား​ပေါ်က ဝက်​​ပေါင်​​ခြောက်ညှပ်​​ပေါင်​မုန့်​ကို တစ်​ချက်​ကြည့်​လိုက်​သည်​။ ဝမ်​ကျို့ရဲ့ အိမ်​မှုကိစ္စ​ထိန်းသိမ်းတဲ့ ကျွမ်းကျင်​မှုကို ​နောက်​တစ်​ကြိမ်​ထပ်​ပြီး သူ့နှလုံးသားထဲမှာ ထွင်းထုမှတ်​သားလိုက်​သည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Tahanan ng mga kuwento. Tumuklas ngayon