အခန်း(၁၀)/အခနျး(၁၀)

18.4K 3.1K 140
                                    

Zawgyi
သုံးရက်​တိတိ ကျိုး​ရွေး​က သူ့အနားကိုမကပ်​​တော့ဘူး။ ဒါက ဘယ်​လို​ခေါ်ရမလဲ ​သွေး​အေးစစ်​ပွဲကာလလို့ သတ်​မှတ်​ရမယ်​လို့ ​ရှောင်​ယဲ့ထင်​တယ်​။ ငြိမ်းချမ်း​ရေးယူဖို့ သူအရင်​​ခြေလှမ်းစမှာမဟုတ်​ဘူး။ ပြီး​တော့ ဒီဆက်​ဆံ​ရေးကြီး လုံးဝအဆုံးသတ်​သွားမှာကိုလည်း သူ ဂရုမစိုက်​ဘူး။ ဘာပဲဖြစ်​ခဲ့ဖြစ်​ခဲ့ အဲ့တစ်​​ယောက်​​ပေါ်မှာထားတဲ့ သူ့ရဲ့အမြင်​​ကောင်း​လေးကို အဲ့လူက ပထမဆုံး​နေရာမှာကတည်းက ဖျက်​စီးပစ်​လိုက်​ပြီ​လေ။ ​နောက်​ထပ်​​ပြောရမယ်​ဆိုရင်​ ​ကျောင်းတည်​​ထောင်​ခြင်းနှစ်​ပြည့်​နီးလာတာမို့ ​ကျောင်းသားအားလုံးက ပြပွဲ​တွေ ၊ အစဉ်​လိုက်​ ကပွဲ​တွေ ပြင်​ဆင်​ဖို့ အလုပ်​ရှုပ်​​နေကြပြီ​လေ။ ပြီး​တော့ သူလည်းပါရမှာ။

လွန်​ခဲ့တဲ့၂နှစ်​က ​ရှောင်​ယဲ့ ကပွဲက​နေ ban ခံခဲ့ရတယ်​။ ဘာလို့ဆို သူပြဿနာ​တွေအများကြီးရှာမိသွားပြီး သူ့ကို ​ကျောင်းရဲ့ဘယ်​လှုပ်​ရှားမှုမဆို ပါခွင့်​ကိုပိတ်​ထားတယ်​။ မနှစ်​က​တော့ ​ရှောင်​ယဲ့ တကယ်​ကြီးပါဝင်​ဆင်​နွှဲခဲ့တယ်​။ ဒါ​ပေမဲ့ သူ့ရဲ့ကိုးယိုးကားယား အကက ဗီဒီယိုအရိုက်​ခံလိုက်​ရ
ပြီး​တော့ Tတက္ကသိုလ်​​ကျောင်းသား​တွေ အကြား ပြန့်​သွားခဲ့တယ်​။ ​ရှောင်​ယဲ့ အဲ့လိုမျိုး အရှက်​ကွဲတာမျိုးကို ​နောက်​တစ်
ကြိမ်​တစ်​စက္ကန့်​​တောင်​ မခံစားချင်​​တော့ဘူး။

ပိတ်​ရက်​ကျ​တော့ ​ရှောင်​ယဲ့အိမ်​ပြန်​လိုက်​တယ်​။ သူ့အိမ်​က ​ကျောင်းနဲ့​ဝေးတယ်​​လေ ပြီး​တော့ တစ်​ခါတစ်​​လေ သူ့အ​ဖေက အိမ်​ကအ​ဝေးကြီးကို ခရီးထွက်​​လေ့ရှိတယ်​။ အဲ့တာ​ကြောင့်​ ပုံမှန်​ဆို ​ရှောင်​ယဲ့ အိမ်​ကို ၂ပတ်​ (ဒါမှမဟုတ်​) ၃ပတ်​မှ တစ်​ခါပဲ ပြန်​​တာ။

သားသမီးကိုခရီး​ဝေးကြီးသွားဖို့လိုက်​ပို့ရတဲ့မိဘလိုမျိုး လုပ်​​နေတဲ့ဝမ်​ကျိုက သူ့အတွက်​ အသီး​တွေခွဲ​ပေးပြီး လမ်းမှာ ၂နာရီကြာပြီးရင်​ စားဖို့ သူ့ကိုမှာလိုက်​​သေးသည်​။

ရှောင်​ယဲ့ အံ့အားသင့်​သွားရသည်​။ မျက်​​မှောင်​ကိုကြုတ်​လိုက်​ပြီး ခွက်​အ​လေးချိန်​​လျော့​စေရန်​အလို့ငှါ သခွား​မွှေးတစ်​စိတ်​ကို ဝမ်​ကျို့ပါးစပ်​ထဲ ထိုးထည့်​လိုက်​ပြီးမှ ကျန်​တာကိုပဲ ယူသွားလိုက်​သည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now