အခန်း(၂) / အခနျး(၂)

28K 3.7K 76
                                    

Zawgyi

အဝတ်​​လျှော်​ခန်းက ဒီအထပ်​ရဲ့ စင်္ကြံလမ်းအဆုံးမှာဖြစ်​သည်​။ အခန်းထဲဝင်​ပြီး​တော့ေ​ရှာင်ယဲ့ အဝတ်​​လျှော်​စက်​စီ​လျှောက်​လိုက်​သည်​။ သူ့ရဲ့ အဝတ်​​လျှော်​ခန်းကဒ်​ကို ထည့်​လိုက်​ပြီး သူ့အဝတ်​​တွေကို အထဲကိုပစ်​ထည့်​လိုက်​သည်​။ အဝတ်​​လျှော်​ဆပ်​ပြာမှုန့်​ အနည်းငယ်​ ဖြူးပြီးတဲ့​နောက်​ စက်​အဖုံးကိုပိတ်​လိုက်​သည်​။ ခလုတ်​ကိုနှိပ်​လိုက်
ပြီး ​စောင့်​ဖို့အတွက်​ ​ဘေးမှာရှိတဲ့ ခုံတန်း​ပေါ်ထိုင်​ချလိုက်​သည်​။

သူ ဖုန်းကိုထုတ်​လိုက်​ပြီး ခဏ​လောက်​ လှန်​​လျောကြည့်​လိုက်​သည်​။ အသစ်​​တွေ​တော့မရှိပါဘူး။ သူ့ရဲ့ timeline မှာဆိုရင်​ ​နေ့တိုင်း ချစ်​ဖို့​ကောင်းတဲ့ပုံ​လေး​တွေတင်​တာ​ကြောင့်​ သူ follow လုပ်​ထားတဲ့ တိရစ္ဆာန်​ဘ​လော့ကာ​တွေအများကြီးပဲ ရှိတယ်​။

ေ​ရှာင်​ယဲ့ တိရစ္ဆာန်​​တွေကို အရမ်းပဲသ​ဘောကျတယ်​။ ​ခွေး ၊ ​ကြောင်​၊ ငှက်​၊ အကုန်​ပါပဲ။ တကယ်​​တမ်း​တော့ သူမှာ golden retriever တစ်​​ကောင်​နဲ့ ​ကြောင်​စုံတွဲ အိမ်​မှာရှိတယ်​။ ကံမ​ကောင်းချင်​​တော့ သူတို့ကို​ကျောင်းမှာ ဂရုမစိုက်​နိုင်​ဘူး။ အဲ့တာ​ကြောင့်​ သူ့အဘိုးအဘွား​တွေဆီကိုပဲ သူတို့ကို ​မွေးဖို့​ပေးလိုက်​ရသည်​။

သူဆွဲကြည့်​​နေတုန်းမှာပဲ သူငယ်​ချင်းဂရုထဲက မက်​​ဆေ့တစ်​​စောင်​ ​ပေါ်လာသည်​။ တစ်​​ယောက်​​ယောပ်​က သူ့ကို ​ခေါ်ထားတာ။

လျို့ဟန်​ : ​(@​ကျန့်ေ​ရှာင်​ယဲ့, ဒီ​နေ့ ယဲ့​ကောက ဘယ်​အယ်​လ်​ဖာကို ​လူကြီးလူ​ကောင်းလိုပြုမူရမယ်​လို့သင်​​ပေးလိုက်​တာလဲ?) တွဲပို့ထားတဲ့ပုံတစ်​ပုံလည်းပါ​သေးသည်​။

ေ​ရှာင်​ယဲ့ တစ်​ချက်​​လောက်​ကြည့်​ဖို့ အဲ့တာကိုဖွင့်​လိုက်​သည်​။ အဲ့တာက ​နေ့လည်​တုန်းက သူ အဲ့ဒီ့အယ်​လ်​ဖာနဲ့ ထိပ်​တိုက်​​တွေ့တုန်းက ပုံပဲဖြစ်​သည်​။ ဘယ်​ပွဲကြည့်​ပရိသတ်​က ပုံ​တွေခိုးရိုက်​ထားလဲဆိုတာ သူမသိဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now