အခန်း(၁)

54.7K 3.5K 119
                                    

T တက္ကသိုလ်နယ်မြေတွင် စက်တင်ဘာလအစောပိုင်း အချိန်တွင် နေ့လည်နေ့ခင်း အပူသည် ပြင်းထန်လျက်ရှိသည်။ လေသည်ပင် ကျစ်ကျစ်တောက်ပူလှသည်။ ပုစဉ်းရင်ကွဲ တွေရဲ့ တွတ်ထိုးသံသာလျှင် သစ်တောနဲ့ စာသင်ဆောင်တွေကြား ပဲ့တင်ရိုက်နေသည်။

"ဘန်း!"
မကြည်မလင် အသံပြင်းပြင်း တစ်ချက်သည် တိတ်ဆိတ်မှုကို ဖြိုခွဲသွားသည်။

"မင်း အသက်ရှင်ရတာ စောက်ရမ်း ပင်ပန်းနေပြီလား?"

ကျန့်ရှောင်ယဲ့ သည် သူ၏လက်ကောက်ဝတ်ကိုလှည့်ရင်း လက်ဆစ်တွေကို ဖြောက်ခနဲမြည်အောင်ချိုးလိုက်သည်။ လည်ပင်းကိုရောပဲ အသံမြည်အောင် ချိုးလိုက်သည်။ နံရံမှာ ကပ်နေတဲ့ သူ့ရဲ့ဆန့်ကျင်ဘက်ရှိတဲ့ လှုပ်ရှားမှုမရှိတဲ့ ကောင်လေးကို စိုက်ကြည့်လိုက်သည်။ သူ့ရဲ့ နက်မှောင်
ပြီး လင်းလက်နေသော မျက်လုံးများက အရမ်းအရမ်းကိုပဲ တောက်ပနေတော့သည်။
"မင်းက သေချင်နေတာဆိုတော့လည်း ဒီအကိုကြီးက မင်းကို လိုက်ပို့ပေးရတော့မှာပေါ့"

ဘေးဘက် အားကစားကွင်းမှာရှိတဲ့ ကျောင်းသားတွေက ကျယ်လှတဲ့ဆူညံသံကို ကြားလိုက်ရဦး အထိတ်တလန့်ဖြစ်သွားကြသည်။ ရုတ်တရက်ဆူညံသံပြီးတာနဲ့ သူတို့ စိတ်လှုပ်ရှားစွာနဲ့ ပတ်ပတ်လည်မှာ ဝိုင်းထားလိုက်ကြသည်။ ဒါပေမဲ့ အရမ်းနီးနီးကပ်ကပ်ကြီးတော့ မသွားရဲကြဘူး။

လူတော်တော်များများက ကျန့်ရှောင်ယဲ့ကို မှတ်မိသွားပြီး ကွင်းရဲ့ဘေးစည်းကနေ တိုးတိုးလေးကပ်ပြောကြတော့
သည် :

" ဒီကျောင်းသားအသစ်ကတော့, အာာ,ကျန့်ရှောင်ယဲ့ကိုများ သွားရှုပ်ရတယ်"

"ယဲ့ကောကတော့ ဒီနေ့ နောက်အယ်လ်ဖာ တစ်ယောက်ကို ယောက်ျားတစ်ယောက်က ဘယ်လိုမျိုးပြုမူသင့်တယ်ဆိုတာကို သင်ပေးတော့မယ်"

"လာစမ်းပါ။ ချကြစမ်းပါ။ ချဟေ့ချ! ယဲ့ကော နိုင်မယ်လို့ ငါလောင်းမယ်ကွာ"

အမှိုက်ပုံးက မြေကြီးပေါ်မှာ မှောက်နေသည်။ ပြီးတော့ ကျောက်လမ်းမျက်နှာပြင်ပေါ်မှာလည်း ချိုင့်ခွက်ရာကြီး တစ်ခုရှိနေသည်။  အဲ့တာက လူမဆန်တဲ့ ပြင်းထန်တဲ့ လုပ်ရပ်ကနေ ဖြစ်လာတယ်ဆိုတာ အရမ်းသိသာတာပဲ။ အချိုရည်ဗူး ၊ အသီးခွံ၊ လွှတ်ပစ်ထားတဲ့ စာရွက်တွေနဲ့ အမှိုက်ပုံအတွင်းထဲမှာ ရှိတဲ့ တစ်ခြားအရာတွေရောပဲ နေရာတစ်ခုလုံးကို ပြန့်ကျဲနေပြီးတော့ အညစ်အကြေးတွေက ယိုနေသေးတယ်။ အဲ့တာကြောင့် အဝါရောင်သမ်းနေတဲ့ အစိမ်းရောင် အနံဆိုးတွေက ပြန့်နေတော့သည်။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now