အခန်း(၂၅)/အခနျး(၂၅)

16.3K 2.8K 207
                                    

Zawgyi
ရှောင်​ယဲ့ ​ကျောင်းကို ကိုယ့်​ဘာသာပြန်​လာလိုက်​သည်​။ သူ့မျက်​နှာထားက အရမ်းကိုမှုန်​မှိန်း​နေတာ​ကြောင့်​ လမ်း​ပေါ်မှာ သူဖြတ်​​လျှောက်​လာမိတဲ့လူ​တွေဆို စဉ်းစားမရဘဲ အလျင်​စလို​နောက်​​ကြောင်းပြန်​လှည့်​သွားကြ၏။ ​ရှောင်​ယဲ့ အ​ဆောင်​ခန်းထဲကို ဝင်​လိုက်​လျှင်​ဝင်​လိုက်​ချင်းပဲ အလျဉ်းသင့်​သလို တိုလီမုတ်​စ​တွေကို ထည့်​သိမ်းထားတဲ့ ဗီဒိုကိုတိုက်​ချလိုက်​သည်​။ ပစ္စည်း​တွေက​တော့ ဒိန်​ခနဲ,​ဒေါင်​ခနဲနဲ့ ​ရေတံခွန်​လိုသွယ်​ဖြာဆင်းသွားပြီး ကြမ်းပြင်​​ပေါ်မှပြန့်ကျဲသွားသည်​။

အဲ့တာ​တွေကို ရှင်း​ပေးချင်​စိတ်​လည်းမရှိ​ပေ။ သူ သူ့ကုတ်​အင်္ကျီကိုဆွဲချွတ်​လိုက်​ပြီး ​ဒေါသ​ပြောလိုငြား ကြမ်းပြင်​​ပေါ်ကိုပစ်​​ပေါက်​လိုက်​သည်​။ အခန်းအတွင်းရှိ အသံ​တွေတိတ်​ဆိတ်​ငြိမ်​သက်​သွားတဲ့အခါမှာ​​တော့ ​ရှောင်​ယဲ့အ​နေနဲ့ သူလုပ်​လိုက်​တာ​တွေက အရမ်းကိုမှက​လေးဆန်​လွန်းတယ်​ဆိုတာ သ​ဘော​ပေါက်​သွား​တော့သည်​။

သူခန္ဓာကိုယ်​က ထူးထူးခြားခြားအဖျားရှိ​နေ​လေရဲ့။ သူ​လေ​အေးအတိုက်​ခံရတာ​ကြောင့်​ ဖြစ်​​ကောင်းဖြစ်​နိုင်​တယ်​။
သူ ​ဒေါသထွက်​သွားပြီး ဆွယ်​တာကိုချွတ်​ကာ ပိုပြီး​တော့သက်​​တောင့်​သက်​သာရှိ​အောင်​လို့ သူ့တီရှပ်​​ကော်​လာကို ​ဆောင့်​ဆွဲချွတ်​လိုက်​သည်​။သို့​သော်​ငြားလည်း ခဏကြာ​တော့ အပူချိန်​ကထပ်​ပြီး​တော့ မြင့်​တက်​လာပြန်​သည်​။ သို့​ပေမဲ့ ဒီတစ်​ကြိမ်​​တော့ အဲ့တာက အ​​အေးမိတာ​ကြောင့်​ဖြစ်​ရတဲ့ အပူ​ဖောက်​ပြန်​ခြင်းနဲ့ ကွဲပြား​နေသလိုပင်​။

Fuck, pheromone ​တွေ ဖရိုဖရဲဖြစ်​​နေပြီ။

သူ့ရဲ့heat အချိန်​ကနီးကပ်​လာတာ​ကြောင့်​ ထိန်းချုပ်​ပစ္စည်းရဲ့ကာကွယ်​​ပေးတဲ့ အကျိုးသက်​​ရောက်​မှုကလည်း ပိုပိုပြီး အားနည်းသထက်​အားနည်းလာ​တော့သည်​။ ပြီး​တော့ သူ့စိတ်​အ​ခြေအ​နေကိုလည်း ပြင်းပြင်းထန်​ထန်​မတည်​ငြိမ်​ ​ပြောင်းလဲ​အောင်​လုပ်​​နေ​သည်​။
ရှောင်​ယဲ့အ​နေနဲ့လည်း သူ့ကိုယ်​ထဲမှာစီးဆင်း​နေတဲ့ များပြားလှတဲ့ pheromone ပြည့်​လျှံခြင်း​ကြောင့်​ ပူပူတက်​လာ​တော့သည်​။ တကယ်​လို့သူ့မှာသာ လုံ​လောက်​တဲ့ခံနိုင်​ရည်​ရှိရင်​ ​ရှောင်​ယဲ့အဲ့တာကိုသည်းခံနိုင်​တယ်​ဆို​ပေမဲ့လည်း ဖြစ်​စဉ်​က​တော့ သိသိသာသာကို သက်​သာအဆင်​​ပြေမှာမဟုတ်​ဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now