အခန်း(၁၅)/အခနျး(၁၅)

16.6K 3.2K 92
                                    

Zawgyi
ကျောင်းတည်​​ထောင်​ခြင်းကျင်းပ​နေ့​ရောက်​ဖို့ တစ်​ပတ်​​တောင်​မရှိ​တော့တာ​ကြောင့်​ ဋ္ဌာနတိုင်းရဲ့ ပြပွဲ​တွေကလည်း ​နောက်​ဆုံး​လေ့ကျင့်​တဲ့အချိန်​ကို​ရော​က်​​နေပြီ။ ပြဇာတ်​အဖွဲ့အ​နေနဲ့လည်း ဘာမှလုပ်​ဖို့မကျန့်​​တော့ဘူး။ ​ရှောင်​ယဲ့ ရံဖန်​ရံခါ​တော့ သူ့အတန်း​ဖော်​​တွေ ​လေ့ကျင့်​တာကို ကြည့်​ဖို့ အားကစားရုံကိုသွားတယ်​​ဆို​ပေမဲ့ သူ့ရဲ့အားလပ်​ချိန်​​တော်​​တော်​များများကို​တော့ ဘက်​စကက်​​ဘောကွင်းနဲ့ အ​ဆောင်​မှာပဲ ကုန်​ဆုံးခဲ့တာဖြစ်​သည်​။

လွန်​ခဲ့တဲ့နှစ်​ရက်​ကတည်းက ဝမ်​ကျိုက အတန်းပြန်​တက်​နိုင်​​နေပြီ။ ​ရှောင်​ယဲ့ သူ့ကို သွားပြီး အကြိုအပို့လုပ်​ချင်ခဲ့တယ်​။ တကယ်​​တော့ အဲ့ကြိမ်​တုတ်​ကြီးကို သယ်​ရတာအဆင်​မ​ပြေဘူး​ဆို​ပေမဲ့ ဝမ်​ကျိုက မထင်​ရ​လောက်​​အောင်​ ​ခေါင်းမာတယ်​။ သူက ​ရှောင်​ယဲ့ အိပ်​​နေတုန်းမှာကဲ ခိုး​ကြောင်​ခိုးဝှက် ​စော​စောထပြီး​တော့ ​ရေချိုးတယ်​။ ပြီး​တော့ သူ့ကို​ကျော်​ပြီး​တော့ ခိုး​ကြောင်​ခိုးဝှက်လစ်​ထွက်​သွားပြီးရင်​ အ​ဆောင်​ခန်းကို ညဘက်​ကျမှ တိတ်​တိတ်​​လေးပြန်​လာတယ်​။ ​နောက်​ကျရင်​ သူက ​ရှောင်​ယဲ့ သူ့ကိုလာကြိုပြီး အ​ဆောင်​ကို ပြန်​​ခေါ်ဖို့မလိုပါဘူး​လို့​ပြောပြီး စာပို့လိမ့်​မယ်​။ ​ရှောင်​ယဲ့ကို သူ့ကို​ဂရုစိုက်​​စောင့်​​ရှောက်​ဖို့ အခွင့်​အ​ရေးလုံးဝမ​ပေး​ပေ။

ရှောင်​ယဲ့ စိတ်​ရှုပ်​ရ​တယ်​ဆို​ပေမဲ့ သူလုပ်​နိုင်​တာလည်း ဘာမှမရှိ​ပေ။

တစ်​ခါတစ်​​လေဆို သူတို့နှစ်​​ယောက်​ မထင်​ထားဘဲနဲ့ တစ်​​ယောက်​နဲ့တစ်​​ယောက်​​တွေ့ကြတယ်​။ ​ရှောင်​ယဲ့ တစ်​ခါတစ်​​လေ ဝမ်​ကျို့ကို​ကျောင်းမှာ​တွေ့ရ​လေ့ရှိတယ်​။ ဒါ​ပေမဲ့ အခု​တော့ သူတို့​တွေ အ​ဆောင်​မှာပဲ ခဏ​လောက်​စကား​ပြောဖြစ်​​တော့တယ်​။ ဝမ်​ကျိုက သူ့ကိုအကသင်​​ပေးဖို့ ဘယ်​​တော့မှမ​ပြော​တော့သလို သူလည်းပဲ ​မ​မေး​တော့ဘူး။ ဒါ​ပေမဲ့ ​ရှောင်​ယဲ့ အက​လေ့ကျင့်​ဖို့ တစ်​ခြားလူ​တွေဆီကို​တော့ မသွားခဲ့​ဘူး။ တကယ်​လို့အဲ့တာက သူ့ကိုအရှက်​ကွဲ​စေပြီး မျက်​နှာပျက်​​စေတယ်​ဆိုရင်​​တောင်​မှ သူ ဂရုစိုက်​မှာမဟုတ်​ဘူး။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now