အခန်း(၃၁)/အခနျး(၃၁)

17.9K 2.7K 124
                                    

Zawgyi
ရှောင်​ယဲ့ စားပွဲခုံ​ပေါ်ကို ပန်းကန်​အပိုတစ်​စုံထပ်​တင်​လိုက်​သည်​။ သူစိမ်းမဟုတ်​ဘဲ သူငယ်​ချင်း​ဟောင်းကြီး​တွေလိုမျိုး ကျိုယဲ့က ပြုမူ​လေသည်​။ သူအခန်းထဲဝင်​လိုက်​တာနဲ့ အ​မွှေးနံ့တစ်​ခုရလိုက်​တာ​ကြောင့်​ ကျိုယဲ့ မီးဖို​ချောင်​ထဲကို ​အော်​​ခေါ်​ပြောလိုက်​သည်​။
"အနံ့​လေးက ​မွှေး​နေတာပဲ။ မင်း ဘာချက်​​နေတာလဲ?"

"​ကြော်​ထားတဲ့ဝက်​သားပြားကိုကြွက်​နားရွက်​နဲ့"
လို့ ​ရှောင်​ယဲ့​ပြောပြလိုက်​ရင်း, : "အကိုဝမ်းကွဲ ​စော​စောလာမယ်​ဆိုတာ ကျွန်​​တော်​မသိလို့, ကျွန်​​တော်​အများကြီး မပြင်​ထားမိဘူး"

ကျိုယဲ့ သူ့ကုတ်​အင်္ကျီကို ချွတ်​လိုက်​ပြီး ထမင်းစားပွဲကထိုင်​ခုံ​ပေါ်မှာ တင်​ထားလိုက်​သည်​။ သူ ​ပေါ့​ပေါ့ပါးပါးပဲ သူ့နက်​ကတိုင်​ကို ​ဖြေ​လျော့လိုက်​သည်​။
"ပြဿနာမရှိပါဘူး။ ငါနည်းနည်းပဲစားမှာပါ။ တကယ်​က ငါက မနက်​ဖြန်ပြီး​နောက်​တစ်​ရက်​ဆို ​လေယာဉ်​နဲ့ပြန်​ဖို့ လုပ်​ထားတာ။ ဒါ​ပေမဲ့, ဒီကကုမ္ပဏီမှာ ပြီးခါနီးအချိန်​ကျမှပြဿနာ​ပေါ်လာလို့။ အဲ့ဒါ​ကြောင့်​, ငါ​စော​စောပြန်​လာတာ။ ငါ အားကျိုကို ဖုန်း​ခေါ်ဖို့ခဏ ကြိုးစား​သေးတယ်​။ ဒါ​ပေမဲ့ ပြန်​မ​ဖြေဘူး​လေ။ အဲ့ဒါ​ကြောင့်​ အ​ကြောင်းမကြားဘဲငါ့မှာ ​ရောက်​ချလာရတာ။"

ဖုန်းကိုကိုင်​ပြီး ဝမ်​ကျိုအခန်းထဲဝင်​လာတာ​ကြောင့်​ ထိုစကားကိုကြားလိုက်​ရတဲ့အခါ ဝမ်ကျို့မှာ စကားပြန်​​ချေပရ​သေးတယ်​။
"ဒီတစ်​ချိန်​လုံး ကျွန်​​တော့်​ဖုန်းကို တစ်​ခြားခန်းမှာ အားသွင်းထားမိတာ။ ကျွန်​​တော်​ missed call ​တွေလည်း​တွေ့တယ်​။ ကျွန်​​တော်​ ​တောင်းပန်​ပါတယ်​, ​ကော"

သူ့ညီဝမ်းကွဲ​လေး ပုံမှန်​ပုံစံကိုပြန်​​ရောက်​သွားတာ​တွေ့လိုက်​ရ​တော့ ကျိုယဲ့ ရယ်​လိုက်​မိသည်​။
"ဘာအတွက်​​တောင်းပန်​နေတာလဲ? ငါကသာ မင်းကို​​နှောင့်​ယှက်​​နေမိတဲ့လူပါကွ။ မင်းတို့, လူငယ်​နှစ်​​ယောက်​ ငါ့ကိုဒီအတိုင်းပဲ လျစ်​လျူရှုထားလို့ရပါတယ်​ကွ။ ငါက ၃ရက်​ပဲ​နေမှာဆို​ပေမဲ့ မင်းတို့ရဲ့ ချစ်​ချစ်​ကြည်​နူးရမဲ့အချိန်​​လေးကို ငါမ​နှောင့်​ယှက်​ပါဘူး"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now