အခန်း(၁၉)/အခနျး(၁၉)

17.7K 3.1K 304
                                    

Zawgyi
အသံထွက်​အမှန်​​တွေက

ဇို့ရိန်​(အမှား) = ကျိုး​ရွေး (အမှန်​)

ကျောင့်​​ရှောင်​ယဲ့(အမှား) = ကျန့်​​ရှောင်​ယဲ့ (အမှန်​)

Latte အခန်းတိုင်းလိုလိုမှာ လိုက်​ပြင်​​ပေးပြီးသွားပါပြီ။ ဒါ​လေး တစ်​ချက်​ မသဲကွဲ​တော့မှာ စိုးလို့ပါ။

Read at your own risk.

ရှောင်​ယဲ့ ဝမ်​ကျို့ကိုအ​ဆောင်​ကိုပြန်​​ခေါ်သွားလိုက်​သည်​။ လမ်းတစ်​​လျှောက်​လုံး သူတို့နှစ်​​ယောက်​ထဲက ဘယ်​သူမှ စကားမ​ပြော​ပေ။

သူတို့အခန်းထဲကို သူဝင်​လိုက်​တာနဲ့ ​ရှောင်​ယဲ့ သူ့ရဲ့ ဝတ်​စုံ jacket ကို ချွတ်​လိုက်​ပြီး အသက်​ရူရနည်းနည်းပိုလွယ်​​အောင်​ ​ကော်​လာကို ဆွဲလိုက်​သည်​။ ဇို့ရိန်​ pheromone ရဲ့လွှမ်းမိုးမှုက မ​ပျောက်​ကွ​ယ်​​သေးဘူး။
ပြီး​တော့ ရလဒ်​အ​နေနဲ့ သူ့ခန္ဓာကိုယ်​ကလည်း ဂနာမငြိမ်​​သေး​ပေ။ အခု​တော့ တတ်​နိုင်​ရင်​ ဖြစ်​နိုင်​သမျှမြန်​မြန်​​လေး သူ့ကိုယ်​သူ စိတ်​ငြိမ်​​အောင်​လုပ်​ချင်​မိတယ်​။ ပြီး​တော့ မြန်
မြန်​စိတ်​ငြိမ်​ဖို့အ​ကောင်းဆုံး နည်းလမ်းက​တော့ စိတ်​ငြိမ်​​စေတဲ့ pheromone ရဖို့ပဲ။

ဥပမာအ​နေနဲ့ တံ​တွေး ဒါမှမဟုတ်​ ​သွေးကို ဖလယ်​လိုက်​ရာက​နေလည်း ယူလို့ရသည်​။

ရှောင်​ယဲ့ အိပ်​ရာ​ပေါ်မှာ​နေရာယူလိုက်​ပြီး ဒူး​ခေါင်း​ပေါ်မှာ တံ​တောင်​ဆစ်​ကို​ထောက်​ကာ ဝမ်​ကျို့ကို အပြစ်​တင်​တဲ့ အမူအယာမျိုး လုပ်​လိုက်​သည်​။ ​ခေါင်းကိုငုံ့ထားပြီး တိတ်​​ဆိတ်​​နေတဲ့ သူ့အ​ရှေ့ကို ဝမ်​ကျို့ကို လက်​​ချောင်း​ကွေးကာ​ခေါ်လိုက်​သည်​။
"ဒီကိုလာခဲ့"

ဝမ်​ကျို သူ့​ခေါင်းကို ညွတ်​ကိုင်းကာ နာနာခံခံနဲ့ အ​ရှေ့ကို တိုးသွားလိုက်​ပြီး ​ရှောင်​ယဲ့အ​ရှေ့က ကြမ်းပြင်​​ပေါ်မှာ ဒူး​ထောက်​ချလိုက်​သည်​။ အဲ့လိုလုပ်​ထားတာ​တောင်​မှ ဝမ်​ကျိုက သူ့ထက်​ အရပ်​နည်းနည်းရှည်​​နေ​သေးသည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now