အခန်း(၅၇)/အခနျး(၅၇)

17.9K 2.4K 247
                                    

Zawgyi

ပိုပိုလွန်​လွန်​အလိုလိုက်​ရပြန်​တဲ့​နောက်​ထပ်​ညတစ်​ညပင်​။ ရှောင်​ယဲ့ နိုးလာတဲ့အချိန်​မှာ သူ့မျက်​လုံးနှစ်​ဖက်​စလုံးရဲ့​အောက်​မှာ အမဲ​ရောင်​အကွင်းကြီး​တွေရှိ​နေပြီး သူ့လည်​​ချောင်းကလည်း ​ခြောက်​​သွေ့​နေကာ သူ​ချောင်းဆိုလိုက်​ရင်​ ဖုန်​​တွေ​တောင်​ထွက်​လာနိုင်​တယ်​။

ရှောင်​ယဲ့ သူ့​ဘေးနားက လက်​သည်​တံရားခံကို ​ခေါင်း​စောင့်​ကြည့်​လိုက်​သည်​။ ဟွန့်​,သူက​တော့ အိပ်​​မောကျ​နေလိုက်​တာများ။

"*ဟစ်​*........အိ!"
ပါး​ပေါ်ဆွဲဆိတ်​ခံလိုက်​ရတာ​ကြောင့်​ ဝမ်​ကျို အိပ်​ရာက​နေ နိုးသွားသည်​။ အကြီးအကျယ်​ကို မှား​နေသလို ခံစားရတာ​ကြောင့်​, သူ့ရဲ့ရက်​စက်​လှတဲ့ အိုမီဂါ​လေးကို ​မော့ကြည့်​ပြီး , "ဘာ​တွေဖြစ်​​နေတာလဲ........."

ရှောင်​ယဲ့ လက်​​တွေဆိုရင်​ ​မြှောက်​ရုံ​လေးပဲ​မြှောက်​နိုင်​​တော့တယ်​, ပြီး​တော့ သူ့ကိုယ်​​အောက်​ပိုင်းဆိုရင်​လည်း လုံးဝသူ့ကိုမ​ထောက်​မ​ပေးနိုင်​​တော့ဘူး။ ဝမ်​ကျို့ရဲ့ခွန်​အားက​တော့ အရမ်း​ကြောက်​ဖို့​ကောင်းတယ်​။ သူက​လေ သူ့ထက်​အကြီးရဲ့ဆန္ဒကို ဆန့်​ကျင်​သလိုအားအကုန်​သုံးပြီး သူ့ပါးစပ်​ကို​တောင်​ ပိတ်​လိုက်​​သေးတာမှတ်​လား? အဲ့ဒီ့ *pa pa pa* အသံကျယ်​ကျယ်​​တွေက မြန်​မြန်​ဆန်​ဆန် အ​ဆောင်​နံရံ​တွေကို ထိုး​ဖောက်​ဖြတ်​သွားကြတယ်​။

ဒါ​ပေမဲ့ အဲ့ဒါက ​ရှောင်​ယဲ့ကို ​စိတ်​ဆိုး​အောင်​လုပ်​တဲ့အရာမဟုတ်​ဘူး။

"ကိုကိုက အရမ်းအံ့သြဖို့​ကောင်းတာပဲ,ကိုကို.......အပြင်​ဘက်​ဝရန်​တာကို​တောင်​ထွက်​ရဲတယ်​။နောက်​တစ်​ကြိမ်​ဆိုရင်​, မင်း ငါ့ကိုချစ်​စခန်းထ​နေတာကို ခုံ၁၀၀၀ရှိတဲ့ ကပွဲရုံထဲက လူ​တွေအကုန်​လုံး​ရှေ့မှာ ပြဖို့လုပ်​​နေတာလား?"

ဝမ်​ကျိုက ​ရှောင်​ယဲ့ကို သူ့လက်​​မောင်းကြားဆွဲသွင်းဖို့ နမ်းဖို့ကြိုးစား​​​လေရဲ့။
"စီနီယာ့ရဲ့စကား​တွေက ကျွန်​​တော့်​ကို မီး​လောင်​ရာ​လေပင့်​သလိုနှိုးဆွ​ပေး​နေ​တော့ ကျွန်​​တော်​က စီနီယာ့ကို အပြင်​ဘက်​အဲ့​နေရာ​လေးကို​ခေါ်သွားရုံပါ......ကျွန်​​တော်​ ကျိန်း​သေ တစ်​ခြားလူ​တွေကို စီနီယာ့ကို ကြည့်​ခွင့်​မ​ပေးပါဘူး"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now