အခန်း(၂၆)/အခနျး(၂၆)

17.9K 2.9K 336
                                    

Zawgyi

PG-16, This chapter contains some mature words and scene. Warning for this, if you don't like, go back. Don't talk rude.

"*ဟစ်​*........"
သူ့အ​ရေပြားက ရုတ်​ချည်းဆိုသလို ထိုသွား​တွေရဲ့ထိုး​ဖောက်​ခြင်းကိုခံလိုက်​ရသည်​။ မခံနိုင်​​တော့တာ​ကြောင့်​ ​ရှောင်​ယဲ့ရဲ့လက်​​တွေက ဝမ်​ကျိုရဲ့ပုခုံး​ကို မြဲမြဲကိုင်​ထား​တော့သည်​။

သို့​ပေမဲ့, ချက်​ချင်းနီးပါး, သူ့အ​သွေးအသားထဲကို အယ်​လ်​ဖာ pheromone စိုးစဉ်းမျှ​ပမာဏ​လောက်​ စီးဝင်​လာတာ​ကြောင့်​ နာကျင်​မှု​ဝေဒနာက စတင်​ဆုတ်​​လျော့လာ​တော့သည်​။ ပမာဏကအရမ်းနည်းတာ​ကြောင့်​ သူ့ကို​ယ်​ထဲမှာရှိ​နေတဲ့ ​လှုပ်​ရှား​တောင်း​ဆို​နေတဲ့အိုမီဂါ pheromone က အ​တော်​က​လေးကိုအရှိန်​ခပ်​နှေး​နှေးနဲ့ အာနိသင်​ပျယ်​လာ​တော့သည်​။

ဒီလိုကိုက်​တာက ဘယ်ေ​လာက်​ကြာမှာလဲ?

ရှောင်​ယဲ့အ​နေနဲ့ အကြာကြီးသည်းမခံနိုင်​ဘူးဆို​ပေမဲ့ ဝမ်​ကျိုက သူ့ကိုခက်​ခက်​ခဲခဲနဲ့ အမှတ်​အသားလုပ်​​နေရတာကို ​တွေးမိ​တော့ ​ရှောင်​ယဲ့ သူ့ခန္ဓာကိုယ်​ကို ​ဖြေ​လျော့ဖို့ ကြိုးစားလိုက်​သည်​။ ပြီး​တော့ ဒီအဆုံးမရှိကြာရှည်​လှတဲ့အမှတ်​အသား​ပေးခြင်းဖြစ်​စဉ်​ကို ဆက်​လက်​လုပ်​ကိုင်​ဖို့ ဝမ်​ကျိုနဲ့ ပူး​ပေါင်း​ဆောင်​ရွက်​လိုက်​သည်​။

ဝမ်​ကျိုရဲ့ ကိုယ်​အပူချိန်​က သူ့ကိုခြုံရုံပတ်​ရံသားသည်​။ သူရဲ့ ကျယ်​ပြန့်​ပြီး အဝါနု​ရောင်​အသားအ​ရေရှိတဲ့ ကိုယ်​လုံးကိုယ်​​ပေါက်​က ​ရှောင်​ယဲ့ကို သူ့လက်​​မောင်း​တွေကြားမှာ တင်းတင်းကြပ်​ကြပ်​ဖက်​တွယ်​ထားလို့​နေသည်​။ ဝမ်​ကျိုရဲ့ ပွရွ​နေတဲ့​ခေါင်းကိုလည်း သူ ဂလင်းကိုကိုက်​​နေတဲ့အချိန်​ဖြစ်​တာ​ကြောင့်​ ​ရှောင်​ယဲ့ရဲ့လည်​ပင်းကြားမှာ နှစ်​မြုပ်​လို့ထားပြီး သူ့ရဲ့ပူ​နွေး​နေတဲ့​လေ​ငွေ့ကလည်း သူ့အ​ရေပြားကိုအခုချက်​ချင်း ​လောင်​ကျွမ်း​စေနိုင်​​တော့မလိုမျိုး ​လေ​ငွေ့ကထို​နေရာမှာရှိ​နေတဲ့ အ​ရေပြားကို ယားယံ​အောင်​ပြုလုပ်​​နေ​တော့သည်​။ သူ့နှလုံးသားသည်​လည်း အပူရှိန်​​ကြောင့်​ တဖြည်းဖြည်း အရည်​​ပျော်​လာရ​တော့သည်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now