အခန်း(၅၂)/အခနျး(၅၂)

22.6K 2.5K 350
                                    

Zawgyi

သတိ​ပေးတားမြစ်​ချက်​။ ၁၈နှစ်​နှင့်​ ၁၉နှစ်​ကြားဖြစ်​သည့်​အတွက်​ က​လေးများအတွက်​မသင့်​​တော်​ပါ။ လူကြီးသီးသန့် ဇုန်​။ latte သ​ဘောကျရတဲ့ ကာရိုက်​တာ​တွေကို ရိုင်းဆိုင်းပြီး​ပြောတာပဲဖြစ်​ဖြစ်​, hate comment ဖြစ်​ဖြစ်​ လက်​မခံပါဘူး။ သည်းခံ​ပေးပါ။ မကြိုက်​လျှင်​​ကျော်​သွားရန်​။
_____________________________________

နောက်​​နေ့ကလည်း ဖြစ်​ချင်​​တော့ စ​နေ​နေ့ဖြစ်​​နေတယ်​။ နှစ်​​ယောက်​သား ပစ္စည်း​တွေကိုလွယ်​လွယ်​ထုပ်​ပိုးကာ စတင်​ထွက်​ခွာလိုက်​သည်​။ ကစားကွင်းက ​ရှောင်​ယဲ့အိမ်​က​ဆို ​တော်​​တော်​​ဝေး​ဝေး လမ်း​လျှောက်​သွားရတာ​ကြောင့်​ သူက​လေးတုန်းက အဲ့ဒါကိုစိတ်​ပျက်​ခဲ့ဖူးတယ်​။ ဒါ​ပေမဲ့ အခုနှစ်​​​တွေအများကြီးကြာပြီးတဲ့​နောက်​မှာ​တော့, ​ရှောင်​ယဲ့ ဒီ​နေရာကို လူသစ်​စိတ်​သစ်​နဲ့ပြန်​လာခဲ့ပြီ။

လာပြီးကစားကြတဲ့လူ​တော်​​တော်​များများက က​လေး​တွေပါပါတဲ့ သက်​ကြီးပိုင်းအတွဲ​တွေပင်​။ ဒါ​ပေမဲ့ ဒီမှာ အသက်​ငယ်​ငယ်​အတွဲ​လေး​တွေလည်းရှိတယ်​။ သူတို့လိုမျိုး အယ်​လ်​ဖာတစ်​​ယောက်​နဲ့ အိုမီဂါတစ်​​ယောက်​ လမ်းအတူတူတွဲ​လျှောက်​တယ်​ဆိုတာက အံ့သြစရာ​တော့မဟုတ်​ဘူး။ ဒါ​ပေမဲ့, ​​ရှောင်​ယဲ့က ​ဘောင်းဘီအိပ်​ကပ်​ထဲလက်​ထည့်​ပြီး အ​ရှေ့ကို ကားကား,ကားကား ​လျှောက်​​နေပြီး သူ့ရဲ့အယ်​လ်​ဖာက အ​နောက်​က​နေ လိမ်​လိမ်​မာမာနဲ့ လိုက်​လာ​နေတဲ့အချိန်​မှာ တစ်​ခြားအိုမီဂါ​တွေက​တော့ ချစ်​ဖို့​ကောင်းပြီးအကူအညီမဲ့​နေသည့်​ဟန်​မျိုး​တွေဖြင့်​ ​ဘေးနားကသူတို့အယ်​လ်​ဖာ​တွေကို တိုး​ဝှေ့ပူးကပ်​​နေကြသည်​။

ဒါ့အပြင်​ သူတို့နှစ်​​ယောက်​လုံးက အရမ်းကိုမှထင်းခနဲမြင်​သာလွန်းတာ​ကြောင့်​ သူတို့ဘက်​ကို လှည့်​,လှည့်​လာတဲ့ ​ခေါင်းအ​ရေအတွက်​က ​တော်​​တော်​​လေးများတယ်​။

ရှောင်​ယဲ့ သူတို့ကိုဂရုစိုက်​မ​နေဘဲ, ဝမ်​ကျို့ဘက်​လှည့်​ကာ ​မေးလိုက်​သည်​, "ဘယ်​တစ်​ခုကို အရင်​လုပ်​ရမာလဲ?"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now