အပိုချပ်​(၂.၁)/အပိုခပျြ(၂.၁)

15.4K 2.3K 89
                                    

Zawgyi

အပိုချပ်​ အခန်း(၂) - အပိုင်း(၁)

သူတို့နှစ်​​ယောက်​လက်​ထပ်​ပြီးတဲ့​နောက်​ ဖြစ်​လာတဲ့အရာအားလုံးကို မိသားစုဘဝရဲ့ ဖြစ်​​လေ့ဖြစ်​ထရှိတဲ့ပြဿ​နာ​တွေနဲ့ ဒုက္ခသုခ​တွေလို့ ယူဆတာကအကျိုး​အ​ကြောင်းသင့်​တယ်ဆို​ပေမဲ့ ​ရှောင်​ယဲ့ရဲ့ ရက်​စက်​တတ်​တဲ့စရိုက်​အရ, သာမန်​ဖြစ်​ပြီး ပျင်းရိဖွယ်​​ကောင်းဖို့ဆိုတာ မဖြစ်​နိုင်​ဘူး​လေ, အဲ့ဒါ​ကြောင့်​ သူတို့ရဲ့ဘဝ​တွေက ထပ်​တူနည်းတူ ဖြစ်​ဖို့ဆိုတာ မဖြစ်​နိုင်​​ပေ။

ဥပမာအ​နေနဲ့, တ​လောကပဲ, ​ဝမ်​ကျို့ကို သူ့ကိုတစ်​ပတ်​တိတိ ထိခွင့်​မပြုဟု ​ရှောင်​ယဲ့ တင်းတင်းကြပ်​ကြပ်​အမိန့်​ ထုတ်​ထားပြီး အပြစ်​ဒဏ်​အ​နေနဲ့ သူ့အယ်​လ်​ဖာကို *အ​အေးနန်း​ဆောင်​ထဲ ပစ်​လွှတ်​ထားလိုက်​တယ်​။

(*အ​အေးနန်း​ဆောင်​ကိုသိကြမှာပါ, လျစ်​လျူရှုထားတယ်​ဆိုတဲ့သ​ဘော​ဆောင်​တာပါ)

ဒီလိုလုပ်​ရတဲ့အ​ကြောင်းပြချက်​က အ​တော်​က​လေး ပြည့်​စုံချက်​ပဲ, ဘာလို့လဲဆို​တော့ ဝမ်​ကျိုက တစ်​ခြားအိုမီဂါတစ်​​ယောက်​ဆီက​နေ အနမ်းခံခဲ့တယ်​။

ဝမ်​ကျို စီးပွား​ရေးခရီးက​နေပြန်​​ရောက်​လာပြီးတဲ့​နောက်​ ဒီလိုဖြစ်​ခဲ့တာကို ​ရှောင်​ယဲ့ ရှာ​တွေ့ခဲ့တာ။

လွန်​ခဲ့တဲ့နှစ်​​တွေက, သူတို့​နှစ်​​ယောက်​ ဂျာမနီက​ ပြန်လာခဲ့ပြီး လက်​ထပ်​ဖို့အတွက်​ လက်​ထပ်​မှတ်​ပုံတင်​,တင်​ခဲ့ကြသည်​။ ပြီးသွား​တော့, တစ်​ခဏ​လေးအတွင်းမှာပဲ နှစ်​နှစ်​ဆိုတဲ့အချိန်​ကာလ ကုန်​ဆုံးသွားခဲ့သည်​။ ဝမ်​ကျိုက သူတို့မိသားစုပိုင်​ ကုမ္ပဏီကို လက်​လွှဲယူခဲ့ပြီး ​ရှောင်​ယဲ့လည်း အလုပ်​မှာ ရာထူးတိုး​ပေးခြင်းခံခဲ့ရသည်​။ အခုဆိုရင်​ သူ အလုပ်​ပိုရှုပ်​လာပြီး ရင်းရင်းနှီးနှီးပူးပူးကပ်​ကပ်​​နေဖို့ အချိန်​ပိုနည်းသွားခဲ့​ပေမဲ့လည်း, ရလဒ်​အ​နေနဲ့ သူတို့နှစ်​​ယောက်​ဆက်​ဆံ​ရေးရဲ့ ချစ်​ဇောအဟုန်​က ​လျော့ကျမသွားခဲ့ဘူး။ ​ရှောင်​ယဲ့ကို ဒီရက်​ပိုင်းအတွင်းမှာ စိတ်​မချမ်းသာ​အောင်​လုပ်​​နေတဲ့ အရာက ဝမ်​ကျို့ရဲ့ကုမ္ပဏီမှာ သူ့အပိုင်​အယ်​လ်​ဖာကို အငမ်းမရဖြစ်​​နေပြီး ငမ်းငမ်းတက်​လိုချင်​​နေတဲ့ အိုမီဂါ​တွေသိပ်​များပြား​နေတယ်​ဆိုတဲ့ အ​တော်​က​လေးကိုအ​ရေးမပါတဲ့ ကိစ္စပင်​။

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now