74 Extra 4 (END)

13.5K 1.1K 38
                                    

Chapter 74: Lin Mo, Without Cheng Yan in His Life (Extra 4) (END)

အခန်းပို ၄ Cheng Yan မရှိသော Lin Mo ၏ ဘဝ

တစ်

Lin Mo သေဆုံးသွားသည်။ ကမ္ဘာပျက်ကပ်၌ ဖုတ်ကောင်များ၏ နောက်ဆုံးလှိုင်း တိုက်ခိုက်မှုတွင် သူသေဆုံးခဲ့သည်။

Lin Mo အသက်ရှင်လာသည်။ သူက Mulin ပြည်နယ်မှ Dalingကျေးရွာရှိ ကော တစ်ယောက် ဖြစ်သော နေမကောင်းပဲ အားနည်းလှသော လူငယ်လေးတစ်ယောက် ဖြစ်လာသည်။ ခန္ဓာကိုယ်ပိုင်ရှင်၏ ပုံပန်းသွင်ပြင်နှင့် နာမည်က Lin Mo နှင့် တူညီနေကာ အစ်ကိုနှစ်ယောက် ကပင်လျှင် သူ့အစ်ကိုများနှင့် တူနေသေးသည်။

အချိန်ကာလမတူညီတာသာ မဟုတ်ခဲ့ပါလျှင် သူ့မိသားစု အသက်ရှင်နေသေးသည်ဟု Lin Mo ထင်မိမှာပင်။ Lin Mo က အခုချိန်တွင် အလွန်အားနည်းနေသည်။ သူက နေရောင်ထဲတောင် မထွက်နိုင်ပေ။ နေ့တိုင်း ဆေးသောက်နေဖို့ လိုအပ်နေသည်။ ပြီးတော့ သူက သူ့ခန္ဓာကိုယ်မှ နာကျင်မှုကိုလည်း ကျိတ်ခံနေရသေးသည်။

တကယ်တော့ Lin Moက လွင်ပြင်ထဲက စိတ်ဝိဥာဏ်ရေ ကို သုံးကာ ခန္ဓာကိုယ်ကို လုံးဝ ပြောင်းလဲ ပစ်လိုက် နိုင်သော်လည်း ကမ္ဘာကြီးအဆုံးသတ်က အတွေ့အကြုံကြောင့် ထိုလွင်ပြင်နှင့် ပတ်သတ်ပြီး Lin Mo မှာ သိပ်သဟဇာတ မဖြစ်ပေ။ Lin Mo က ခြံဝန်းထဲမှ သစ်ပင် အရိပ်အောက်တွင် ထိုင်ခုံပေါ်တွင် လှဲလျောင်းကာ လေတိုက်မှုကြောင့် ဖြစ်လာသော အေးမြမှုကို ခံစားနေသည်။ တစ်ချိန်လုံး ကြားနေရသော ရွာထဲမှ စကားသံများက သူ့ကို အိပ်ငိုက်လာစေသည်။

အိပ်ပျော်တော့မလို ဖြစ်နေသော Lin Moကို ချောင်းဟန့်သံကတောင် နိုးလာစေကာ အသာမှိတ်ထားသော မျက်လုံးများက အနည်းငယ် ပိုပို ပွင့်လာသည်။ သူ့ရင်ဘတ်က လှိုက်လှိုက်တက်လာမှုကို တည်ငြိမ်လာစေရန် Lin Mo က ပြန်လှဲလိုက်ရကာ မျက်စိများ ပြန်ပိတ်ရပြန်သည်။ ဒီလိုမျိုးဘဝကြီးက အလွန်ကောင်းမွန်လှကာ ရုပ်ပိုင်းဆိုင်ရာကို ပြောင်းလဲရန်အတွက် မည်သည့်စိမ့်စမ်းရေကိုမှ သောက်သုံးရန်မလိုပဲ သူ တတ်နိုင်သလောက် အသက်ရှင်နေနိုင်သည်။

ဒီလိုနှင့် နေ့ရက်များစွာ ကုန်ဆုံးသွားသည်။

နှစ်

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now