27 Busy Seasom (Z & U)

9.6K 1.7K 78
                                    

Chapter 27: Busy Season

အခန်း ၂၇ အလုပ်များသော ရာသီ

မီးပုံးပွဲတော်အပြီးတွင် Linမိသားစု ရက်အနည်းငယ် နားလိုက်ပြီးနောက် အလုပ်တွေ ပြန်စပြန်သည်။ ရွာလေးက ဆောင်းဦးရာသီ ၀င်လာပြီ။ လယ်သမားအတွက် ဆောင်းဦးရာသီသည် သူတို့၏ ရိတ်သိမ်းသော ရာသီပင်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးများ၏ အလုပ်များသောအချိန်ပိုင်းက နီးလာပြီ။ ပြီးတော့ လယ်ယာခင်းများမှ ကောက်ပဲသီးနှံများက အခြေခံအားဖြင့် ရင့်မှည့်ကြပြီ ဖြစ်သည်။ Dalingရွာ ရွာသားများလည်း သူတို့စိုက်ခင်းများမှ စပါးများနှင့် အခြားသော ကောက်ပဲသီးနှံများကို စတင် ရိတ်သိမ်းကြသည်။

ဒီရက်ပိုင်းတွင် ပါပါး Lin နှင့် မာမား Lin တို့က လယ်ကွင်းများကို နေ့တိုင်းသွားကာ ရေနုတ်မြောင်းများမှ ရေများ ထွက်သွားပြီလား သွားကြည့်ကြသည်။ Yan Ningxi ဆိုင်ရှာမရသေးခင် Lin Cheng က မြို့တွင် သွားနေလိမ့်မည်။

Cheng Yan၏ အိမ်ကလည်း ဆောက်ပြီးဖြစ်သည်။ ရက်အနည်းငယ် လေသလပ်ခံပြီးနောက် သူက အိမ်ကို နည်းနည်းစီ စဖြည့်နေပြီ။ Lin Mo က ဒီရက်ပိုင်းလုပ်စရာမရှိသောကြောင့် နေ့တိုင်းသွားနိုင်နေသည်။ အဓိကအခန်းထဲတွင် မှန်တင်ခုံ၊ အိပ်ယာ ၊ စားသောက်ဖို့အတွက် စားပွဲကြီး၊ ပြီးတော့ Lin Mo က Cheng Yan ကို အထူးမှာပေးရန် ပြောထားသော ကြီးမားလှသောသစ်သားဆိုဖာ အားလုံးကို ပြင်ဆင်ပြီးတော့ နေရာချပြီးပြီ။

သို့သော်လည်း မြို့ကနေမှာထားသော အိမ်တွင်းပရိဘောဂများ ရရှိရန် နောက်ထပ်တစ်လ စောင့်ရဦးမည်။ ပြီးတော့ အိမ်က လူများနေထိုင်ရန် အပြည့်အစုံ ပြင်ဆင်ပြီးနေပြီ။ အခုချိန်တွင် ပန်းပင်များ သစ်သီးပင်များ ခြံထဲတွင် စိုက်ပျိုးရန် ကျန်နေသေးသည်။ သို့သော် တောင်ကို သွားပြီးတော့ သင့်တော်ရာများ ရှာဖွေဖို့အတွက် Cheng Yan အချိန်မရှိဘူး ဖြစ်နေသည်။ မနက်ဖြန်ကျလျှင်သူက Linမိသားစုအိမ်ကို သွားကာ ကောက်ပဲသီးနှံများ ရိတ်သိမ်းရာတွင် ကူညီပေးရမည်။ သူ နှင့် Lin Mo လက်ထပ်ပြီးမှသာလျှင် သူတောင်ပေါ်သွားနိုင်လိမ့်မည်။

Linမိသားစုတွင် ခြောက်သွေ့လယ် နှင့် စပါးခင်း မြူသုံးဆယ်နီးပါးရှိတာကြောင့် Dalingကျေးရွာတွင် လယ်ယာအများဆုံး ရှိသော မိသားစုတစ်ခု အဖြစ်သတ်မှတ်နိုင်သည်။ အရင်တုန်းကတော့ ရိတ်သိမ်းသောရာသီတွင် ပါပါး Lin ၊ မာမား Lin၊ အစ်ကိုကြီး Lin နှင့် မရီး Lin တို့အားလုံးက အလုပ်များကြသည်။ ဆယ်နှစ်အရွယ်ကလေးနှစ်ဦးဖြစ်သော Lin Xing နှင့် Lin Chen တို့က အများကြီး မလုပ်နိုင်ပဲ မြေပေါ် ပြုတ်ကျသွားသော ရိုးတံများကို ကောက်ရုံ ဒါမှမဟုတ် ခြောက်သွေ့လယ်က ကောက်နှံပင်များကို ကြည့်တာလောက်သာ လုပ်နိုင်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now