41 I'm Leaving (Z & U)

8.1K 1.4K 19
                                    

Chapter 41: I’m Leaving

အခန်း ၄၁ ကျွန်တော် ထွက်ခွာပြီ

နှစ်သစ်ကူးပြီးတော့ မြို့မှ ဆိုင်များ တစ်ခုပြီး တစ်ခု ပြန်ဖွင့်ကြကာ Lin Mo နှင့် Cheng Yan တို့၏ စားသောက်ဆိုင် သည်လည်း ပြန်ဖွင့်သည်။ Lin Xiu ကျောင်းကို ပြန်သွားပြီးနောက် Cheng Yan က သူ့ခရီးအတွက် စတင် ပြင်ဆင်တော့သည်။

လှည်းအိမ်က အထူးပြုလုပ်ဖို့ လိုအပ်သည်။ လမ်းမှာက ခလုတ်ကန်သင်းက ပိုများလိမ့်မည် ဖြစ်သော်ကြောင့် သာမာန်လှည်းအိမ်များအတွက် သုံးသော ရှော့ဘားများက မကောင်းပေ။ လမ်းတစ်ဝက်ရောက်အောင်တောင် Lin Mo တောင့်မခံနိုင်မှာကို Cheng Yanစိုးရိမ်သည်။

နွေဦးအစပိုင်းမှာ အပူချိန်က သိပ်မမြင့်သေးတာကြောင့် လှည်းအိမ်က နွေးထွေးနေမှ ဖြစ်မည် ပြီးတော့ အ၀တ်ထူထူများနှင့် ၀တ်ရုံများလဲ ပြင်ဆင်ထားမှ ရမည်။ သူတို့ အစားအစာအခြောက်များလည်း ပြင်ဆင်သင့်သည်။ အခြားပြည်နယ်များကို ဖြတ်သန်းသွားသည့်အချိန်တွင် ပြန်လည်ဖြည့်တင်းနိုင်သော်လည်း သူတို့ သတိထား ပြင်ဆင်ထားရမည်။

အပြင်ကနေ ပြန်လာတော့ Cheng Yan က အစားအသောက် ဆိုင်ကို ၀င်လိုက်သည်။ ဧည့်သည်ကို ဧည့်ခံနေသော Cheng Mu ကို လက်ဝေ့ပြလိုက်ပြီးတော့ ကောင်တာက Lin Mo ဆီကို သွားလိုက်သည်။

“ပြန်လာပြီလား” Lin Mo က ရင်းနှီးနေသော ခြေသံများကို ကြားတော့ မော့ကြည့်လိုက်သောအခါ Cheng Yan လာနေတာ မြင်တော့ ပြုံးပြလိုက်သည်။

“ဒီစာအုပ်တွေအကုန်လုံး ဖတ်ပြီးသွားပြီလား” Cheng Yan က သူ့အနားမှာ ထိုင်ကာ သူ့လက်များကို အရှေ့ကို ပို့လိုက်သည်။

“အင်း…. အချိန်ဖြုန်းနေယုံပါ” Lin Mo က Cheng Yan အတွက် ရေနွေးတစ်ခွက်ကို ပုံမှန်အတိုင်းပဲ ငှဲ့ပေးလိုက်သည်။

Lin Mo က Cheng Yan ၀ယ်လာသော မုန့်အချိုများကို ယူလိုက်ကာ သူ့လက်ချောင်းလေးများနှင့် အသာ ဖဲ့ယူကာ တစ်ကိုက် ကိုက်လိုက်သည်။ မုန့်က ထောပတ်ပါကာ ပျော့ပျောင်းပြီးတော့ နွေးနေတုန်းပင်။ Cheng Yan ရေနွေးထိုင်သောက်ရင်းနှင့် ငွေလာရှင်းသော ဧည့်သည်များကို လဲ ရံဖန်ရံခါ ငွေ တွက်ပေးသည်။ Lin Mo ဖျော်သော လက်ဖက်ရည်က ထူးကဲသော အရသာ ရှိသည်။ Cheng Yan အဲဒါကို သောက်ပြီးသည်နှင့် အမြဲတမ်း လန်းဆန်းသွားသည်ဟု ခံစားရသည်။ စားကောင်းသောက်ဖွယ်ဆိုင်မှာ တစ်နေခင်းလုံး ထိုင်ပြီးမှ Lin Mo က Chen Qing ကို ရှင်းပြကာ Cheng Yan နှင့် အတူ ထွက်ခဲ့ကြသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now