54 Second Brother Has Arrived

7.3K 1.4K 27
                                    

Chapter 54: Second Brother Has Arrived

အခန်း ၅၄ ဒုတိယအစ်ကို ရောက်လာပြီ။

Lin Moမှာ သူ့ဒုတိယအစ်ကို အင်ပါယာမြို့တော်ကို ရောက်ရှိလာရန် အချိန်အကြာကြီး စောင့်ခဲ့ရသည်။

An ChengLin သည်လည်း သူ့ညီငယ်၏ အကြံကို သိရပြီးနောက် Linမိသားစု၏ ဘိုးဘွားအိမ် ပြုပြင်ရန်အတွက် လူအချို့ကို စေခိုင်းခဲ့သည်။ Yuမိသားစု နှင့် တရားရုံးတော်မှ အမတ်များ ပြဿနာရှာမှာကို ဖြေရှင်းရန်အတွက် ဧကရာဇ်က ဆုံးဖြတ်ချက် တစ်ခုကို ပြုလုပ်ခဲ့သည်။ သူက အမတ်များအားလုံးနှင့် ဆွေးနွေးဖို့ မကြံရွယ်ခဲ့။ ပြီးတော့ တစ်ခါတစ်လေလဲ သူ အဲလို လုပ်တတ်သည်။

အမတ်များကတော့ ဒေါသမထွက်ရဲပဲ Lin မိသားစုနှင့် သူတို့ ဆက်ခံသူမျိုးဆက်များ၏ သတင်းကိုသာ ထိတ်လန့်အံသြနေသည်။ သတင်းရရှိပြီးနောက်လည်း Yu မိသားစုက ဧကရာဇ် လူလွှတ်ကာ Linမိသားစု ဘိုးဘွားအိမ်ကို ပြုပြင်ခြင်းကို မတားဆီးတော့။ ဆန့်ကျင်ဘက်အနေနှင့် ဘာကို လုပ်လို့ လုပ်မိမှန်း မသိသောသူများ၏ ဖြိုချခြင်း ဖျတ်ဆီးမိခြင်းများ ပြုလုပ်မိမည်ကို စိုးရိမ်လှသဖြင့် သူတို့ဘက်လဲ ကြီးကြပ်ပေးရန်အတွက် လူလွှတ်ပေးခဲ့သည်။ 

ဒုတိယအစ်ကို ကို ကြီးကြပ်စောင့်ကြည့်ရန် Cheng Yanလွှတ်ပေးထားသော အရိပ်တပ်သားကလည်း သူ့ဆီကို လာပြီး သတင်းပို့သွားသည်။ အဲဒါကို ကြားတော့ Cheng Yan ရင်ထဲက Yu မိသားစုပေါ် အမြင်က အနည်းငယ် ပြောင်းလဲ သွားသည်။ Yuမိသားစုမှ လူများက ခေါင်းမာပြီး စာအုပ်ကြီးအတိုင်းလုပ်တတ်သော တစ်ဖက်ပိတ်သူများဟု သူမှတ်ယူထားခဲ့သည်။ အခုတော့ သူတို့တွေက မေတ္တာ တရား ရှိကာ အမှန်တရားကို တန်ဖိုး ထားကြပုံ ပေါ်လှသည်။

Yuမိသားစုနှင့် Linမိသားစုတို့က ပညာရှင်မိသားစုများ ဖြစ်ကြကာ သူတို့မိသားစုများက မျိုးဆက်ပေါင်းများစွာ ခင်မင်ခဲ့ကြသည်။ lin မိသားစုက အကောက်ကြံခံရချိန်တွင် Yuမိသားစုက သူတို့ဘက်က ရပ်တည်ပေးခဲ့သည်။ ယခုချိန်မှာ ဒါမျိုးက အလွန်ရှားပါးခဲ့လေပြီ။

ပြီးတော့ ကိုယ့်ကိုကိုယ် လုံခြုံစေရန်အတွက် ပုန်းအောင်းသည်က လူအများအတွက် သာမာန်ပဲ ဖြစ်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now