22 Marriage Matters ( Z & U)

9.9K 1.6K 18
                                    

Chapter 22: MarriageMatters

အခန်း ၂၂ မင်္ဂလာကိစ္စများ

Lin Mo နှင့် Lin Cheng တို့ သူတို့လိုအပ်သည်များကို ဆွေးနွေးပြီးနောက် သူတို့က နောက်တစ်နေ့တွင် သစ်သီးခြံထဲသွားကာ မှည့်နေသာ အသီးများခူးရန်သွားကြသည်။ သို့သော် ဒီတစ်ကြိမ်တွင် Lin Mo ထပ်သွားမည်ကို မာမား Lin က သဘောမတူပေ။ ပြီးတော့ သူ့ကို အိမ်တွင် ကလေးနှစ်ယောက်ကို ကြည့်ရန်သာ စေခိုင်းခဲ့သည်။

Lin Mo က သိမ်းထား၍ရသော အသီးခြောက်များနှင့် ယိုများ အချိုရည်များနှင့် အစာသွတ်မုန့်များကို ပြုလုပ်မှာ ဖြစ်သည်။

Lin Cheng ၏ ကိုယ်ခန္ဓာ ပြန်လည်ကောင်းမွန်လာကတည်းက သူတို့၏ အသီးခူးဆွတ်ခြင်းနှုန်းကလည်း ပိုပြီး မြန်ဆန်လာသည်။ သူတို့ပထမအသုတ်နှင့် ပြန်သည့်အချိန်တွင် မာမား Lin နှင့် မရီး Lin တို့က သူတို့နောက်က ပြန်လိုက်လာသည်။ လှည်းပေါ်ကနေ အသီးများဖြင့်ပြည့်နေသော ခြင်းကို ဖယ်ချလိုက်သည် ပြီးတော့ Linမိသားစုမှ ယောကျာ်းနှစ်ယောက်က အသီးခြံကို ထပ်မံသွားရောက်လေသည်။

Lin Mo နှင့် သူတို့နှစ်ယောက် အဆင့်များအကြောင်းပြောဆိုပြီးနောက် သုံးယောက်သာ အသီးများကို စတင်အခွံခွာကြသည်။ အချပ်လေးများ၏ အထူအပါးက အတန်အသင့်ဖြစ်နေစေဖို့ လိုအပ်သောကြောင့် မာမား Lin နှင့် မရီး Linတို့က အခွံခွာခြင်းကိုသာ တာဝန်ယူကြပြီး Lin Mo ကတော့ လှီးဖြတ်ခြင်းကို တာဝန်ယူလိုက်သည်။

အသီးတွေ လှီးဖြတ်ပြီးနောက် Lin Moက လှီးထားသော အသီးများကို ၀ါးဇကာထဲ ထည့်ကာ လေ၀င်လေထွက်ကောင်းစွာ ရပြီး နေရောင်လည်း တောက်ပနေသည့် နေရာတွင် ထားကာ အလုပ်ဆက်လုပ်နေသည်။

ခြံဝန်းထဲတွင် ထိုင်နေသည့် Lin Xiaoya က အနည်းငယ် ပျင်းလာသည်။ သူ(မ)က သူ(မ)အဖွားနှင့် အမေကို ကြည့်သည် ပြီးတော့ တဖန် အသီးများကိုင်ထားသော စတုတ္ထဦးလေး ကို ကြည့်လိုက်သည်။

"လေးလေး Xiao Ya လဲကစားချင်တယ်.." Lin Xiaoya က ထကာ သူ(မ)ခြေထောက်တိုတိုလေးများနှင့် လျှောက်လှမ်းလာကာ Lin Mo၏ ဘောင်းဘီရှည်ကို ဆွဲလိုက်သည်။

Lin Moက သူ(မ)ကိ ရေဆေးထားသော သစ်တော်နှစ်လုံးပေးရန်အချိန်လေး ယူကာ ပြောလိုက်သည် "အချစ်လေး စတုတ္ထ လေးလေးက ကစားနေတာမဟုတ်ဘူး သမီးကိုကိုဆီကို သွားနော်" အသီးများလှီးနေသာ လှုပ်ရှားမှုက မရပ်တန့်သွားပေ။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationTahanan ng mga kuwento. Tumuklas ngayon