07 Conversation at the Table ( Z & U)

11.3K 1.8K 11
                                    

Chapter 7: Conversation at the Table

အခန်း ၇ စားပွဲဝိုင်းတွင် စကားပြောခြင်း

ရုန်းကန်ခြင်းကို ရပ်တန့်ပြီး နောက်တစ်စက္ကန့်အကြာ သူ့နောက်မှ လေပြင်းတစ်ချက်ဝှေ့ပြီး လူတစ်ယောက်၏ လက်မောင်းထဲ ဆွဲတာ ခံလိုက်ရသည်။

Lin Mo မှာ ကလေးဘ၀တည်း ကသူနှင့် အတူဆော့ကစားသော သူငယ်ချင်းများပါ အပါအ၀င် သူ့မိသားစုမှ လွဲလျှင် အခြားသူများ ထိတွေ့ခြင်းကို ခုခံလေ့ရှိသည်။ သုတေသနဌာနတွင် နှစ်နှစ်ကြာ လူမဆန်သော နှိပ်စက်မှုများကို ခံရအပြီးတွင် Lin Mo မှာ သူစိမ်းများနှင့် ထိတွေ့ရန် စိတ်ပိုင်းဆန်ရာက ပါ မနှစ်သက်ဆုံးအရာ ဖြစ်လာသည်။

Linမိသားစုက အဆင်ပြေသည်။ ပြီးတော့ သူ့အကိုကြီးနှင့် ဒုတိယမြောက် အစ်ကိုတို့မှာ သူ့ အရင်ဘ၀က သူ့အစ်ကိုများနှင့် တူသဖြင့် Lin Mo က အလွယ်တကူ လက်ခံနိုင်သည်။ ထို့ကြောင့် Lin Mo သူစိမ်း တစ်ယောက်၏ လက်မောင်းထဲ ကျရောက်သွားချိန်တွင် စိတ်ပိုင်းဆိုင်ရာ ငြင်းဆန်မှု မရှိသည့်အခါ Lin Mo၏ မျက်နှာက အံ့သြသွားကာ ဦးနှောက်ကလည်း အေးခဲသွားသည်။

 ထိုသူ၏ အနံ့က သူ့အာရုံကို ရုတ်တရက်ကျူးကျော်လာလာသည်။ ဦးနှောက်က ခဏတာအလုပ်မလုပ်တော့သော Lin Mo က အနံ့ကို မစဉ်းစားပဲ အလွန်စိတ်သက်သာရာ ရသွားသည်ဟု ခံစားလိုက်ရသည်။ Lin Mo တုန့်ပြန်နိုင်ချိန် တွင် လူနှစ်ယောက် တစ်ဦးနှင့် တစ်ဦး ဝေးကွာအောင် ရွှေ့လိုက်ကြသည်။ အဘယ်ကြောင့် ဆိုသော် Lin Mo ၏အော်သံကို ကြားလိုက်သော Lin Chen နှင့် Lin Xing တို့က ပြေးလာသောကြောင့် ဖြစ်သည်။

“အစ်ကို လေး အဆင်ပြေရဲ့လား?”

 Lin Chen က ပြေးလာကာ သူ့မျက်နှာကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

“အစ်ကို လေး၊ ဘာလို့ ခြေဗလာနဲ့ ဖြစ်နေတာလဲ? ဒီက ကျောက်တုံး တွေက အရမ်း ချောတယ်” 

Lin Mo နောက်ပြန်ဆုတ်သွားပြီး ပြောလိုက်သည်။

“အဆင်ပြေပါတယ်။ ငါ ပေါ့ဆသွားလို့”

“ အစ်ကိုCheng” 

Lin Xing နှင့် Lin Chen က Cheng Yan ကို နှုတ်ဆက်လိုက်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now