31 My Wife is Clingy and Coquettish ( Z & U)

10.5K 1.6K 24
                                    

Chapter 31: My Wife isClingy and Coquettish

အခန်း ၃၁ ငါ့မိန်းမက ကပ်ချွဲပြီး ကလူကျီစယ်တတ်တယ်

မနက်ပိုင်းတွင် Cheng Yan က အိပ်ယာထဲတွင် နေ့ခင်းအထိ လဲလျောင်းနေခဲ့သည်။ နေ့ခင်းပိုင်းတွင်မူ သူက ခြံဝန်းကို သန့်ရှင်းရေးလုပ်ကာ Lin Mo ကို အဖော်ပြုကာ သစ်ပင်ရိပ်တွင် အေးမြမှုကို ခံစားကြသည်။ ဒါက အသစ်ချပ်ချွတ် လက်ထပ်ထားသော လင်မယား၏ ပထမဆုံးနေ့ရက်ပင် ဖြစ်သည်။

ညနေပိုင်း နေက အရမ်းမတောက်ပပဲ ရောင်ခြည်များက မြေပြင်ပေါ်ကို ဖြာကျနေသည်။ Lin Mo က Cheng Yan ဘေးတွင် မျက်လုံးလေး မှိတ်ကာ အိပ်နေသည်။ ဖြာကျနေသော နေရောင်က သူ့ကိုယ်ခန္တာကိုယ် နွေးထွေးစေပြီး သူ့ဘေးနားတွင်လည်း သောကကို ကင်းဝေးစေသော အနေအထားကြီးတစ်ခုလဲ ရှိနေသေးသည်။ ထို့ကြောင့် Lin Mo က ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။

အချိန်အကြာကြီးအိပ်နေကာ နေက တစ်ဝက်ကျော်လောက် ကျသွားပြီးတာတောင် Lin Mo က နိုးလာမည့် အရိပ်အယောင် မပြပေ။ Cheng Yan က သံသယတွေ ၀င်လာသည်။ Lin Mo က အရမ်းအားနည်းလှသည်ပြီးတော့ ပြီးခဲ့တဲ့ညကလည်း တစ်ညလုံး လူးလိမ့်နေသေးသည်မို့ Cheng Yan က နည်းနည်းတော့ မကောင်းလှဟု ခံစားနေရသည်။

Cheng Yan က ဂရုတစိုက်နှင့် Lin Mo ကို မချီကာ အခန်းထဲကို ခေါ်သွားလိုက်သည်။ Lin Mo က တွန့်ခနဲတော့ဖြစ်သွားသည်။ သို့သော် Cheng Yan ၏ တည်ငြိမ်လှသော ခြေလှမ်းများအောက်တွင် တဖန် ပြန်အိပ်ပျော်သွားပြန်သည်။

Lin Mo ကို အိပ်ယာပေါ်တင် စောင်လေး ခြုံပေးကာ Cheng Yan အခန်းပြင် ထွက်သွားတော့သည်။ Cheng Yan ထွက်သွားပြီး မိနစ်အနည်းငယ်ကြာသော် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Lin Mo မှာ ရုတ်တရတ် မျက်မှောင်ကြုပ်ကာ စောင်ပေါ်တွင် ရှိနေသော သူ့လက်ဖြင့် တစ်ခုခုကို သေချာအောင် လုပ်သကဲ့သို့ သူ့ဘေးကို မသိလိုက်မသိဘာသာ စမ်းပြုပြီးတော့သည်။

အချိန်အတန်ကြာ စမ်းတ၀ါးဝါးလုပ်ပြီးတော့ မျက်လုံးမှိတ်လျက်သား Lin Mo မျက်ခုံးက ပိုပြီးတော့တောင် တင်းတင်းကြပ်ကြပ် မှုန်ကုတ်သွားသည်။ နောက်တစ်စက္ကန့်အကြာတွင် ပရုတ်သုက္ခနှင့် Lin Mo မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်ခွံတွေက အလွန်လေးလံလှကာ သူ့ရှေ့က မြင်ကွင်းကလည်းေ၀၀ါးလှသည်ဟု ခံစားနေရသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now