73 Extra 3 Lin XiaoNan

6.3K 1K 33
                                    

Chapter 73: Lin Xiaonan (Extra 3)

အခန်းပို ၃ Lin XiaoNan

Lin XiaoNan ၏ သဘောအကျဆုံးနှင့် အားအကျရဆုံးသော ပုဂ္ဂိုလ်မှာ စတုတ္ထဦးလေး၏ ခင်ပွန်းဖြစ်သူ Cheng Yan ဖြစ်သည်။ Lin XiaoNan ၏ စိတ်ထဲတွင် စတုတ္ထဦးလေး၏ခင်ပွန်းက အကြင်နာဆုံးဖြစ်သည်။ သူ ကလေးတုန်းကဆိုလျှင် သူနှင့် သူ့ညီမကို အပြင်ထွက်လည်ပတ်ရန် ခေါ်သွားတတ်သည်။ Lin XiaoNan က ကလေးဘဝတည်းက စတုတ္ထဦးလေး၏ ခင်ပွန်းဖြစ်သူ ကို ကြည်ညိုတာဖြစ်ကာ သူ အသက်ဆယ့်လေးနှစ်ရောက်သောအခါတွင်မူ Lin XiaoNan က ဦးလေးFu နောက်ကိုလိုက်ကာ ပြင်ပရှိ စစ်တပ်စခန်းသို့ လိုက်သွားတော့သည်။

အစပိုင်းတော့ Linမိသားစုက ဆန့်ကျင်လေသည်။ ပြောရလျှင် စစ်ပွဲ၌ ပေါ့လျော့မှုအသေးလေးကတင် အသက်ဆုံးရှုံး သည်အထိ ဖြစ်ပေါ်နိုင်သည်။ သို့သော်လည်း Lin XiaoNan ကတော့ သူက မငယ်တော့ပေ ပြီးတော့ လူကြီးများ၏ လောင်းရိပ်အောက်တွင် အမြဲတမ်း မနေနိုင် အဲဒိနည်းနှင့်တော့ သူက အရွယ်မရောက်လာနိုင်ဟု ထင်သည်။

စတုတ္ထဦးလေး၏ ခင်ပွန်း က သူ့အသက်အရွယ်တွင် ရှေ့တန်းထွက်သွားပြီမှန်း သူသိနေခဲ့လေသည်။ စတုတ္ထဦးလေး၏ ခင်ပွန်းတောင် လုပ်နိုင်မှတော့ သူလဲ လုပ်နိုင်ရမှာပေါ့။ မည်သို့ပင်ဆိုစေကာမူ သူမသွားခင်ကတော့ သူ့ညီမကို သူ ပြန်မလာမချင်း လာရောက်လူပျိုလှည့်သော ယောက်ျားများ၏ အဖြားယောင်း အသွေးဆောင် မခံရစေရန် မှာကြားခဲ့ရန်တော့ သူမမေ့ပေ.

“ကိုယ့်ဘာသာကိုယ် ဂရုစိုက် မထိခိုက်စေနဲ့” Lin XiaoNan ထက် ခေါင်းတစ်လုံး ပိုနိမ့်သော Lin XiaoYa က နီရဲသော မျက်လုံးများနှင့် ဖြစ်နေသည်။

ဒီမောင်နှမက ကလေးဘဝတည်းက အတူနေလာတာ ဖြစ်သည်။ ဒါက သူတို့တွေ ခွဲခွာသည့် ပထမဆုံးအကြိမ်လဲ ဖြစ်သည်။ Lin XiaoYa ဝမ်းမနည်းစေဖို့ဆိုတာ ခက်ခဲလှသည်။ 

“အေးပါ” Lin XiaoNan က တည်တည်ငြိမ်ငြိမ်နှင့် ခေါင်းညိမ့်ပြလိုက်သည်။

သူ့ညီမက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့ယောက်ဖဖြစ်ချင်တဲ့သူတိုင်းကတော့ သူ့ကို အနိုင်တိုက်နိုင်မှပဲ ရလိမ့်မည်။ သူကတော့ စတုတ္ထဦးလေး၏ ခင်ပွန်းလို ခက်ထန်နိုင်အောင် ကြိုးစားပြီးတော့ သူ့ညီမကို ကြည့်တဲ့သူတိုင်း သူ့ညီမအရှေ့တွင် မပေါ်လာရဲသည်အထိ ထိုသူတွေကို ရိုက်ပစ်မှာ။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now