33 He Understood the Hint( Z & U)

9.2K 1.6K 51
                                    

Chapter 33: He Understoodthe Hint

အခန်း ၃၃ သူ အရိပ်အမြွက် ကို နားလည်သဘောပေါက်သည်

Lin Mo က Xiaonan နှင့် Xiaoya တို့နှင့်အတူ မွန်းတည့်ခါနီးအထိကို နေပြီးမှ ပြန်သွားသည်။ သူမပြန်ခင်တွင် သူ့ကို မာမားLin က အသီးအရွက် တစ်ခြင်းတောင်းကြီး ခူးဆွတ်ကာ ထည့်ပေးလိုက်သည်။ Cheng Yan က သူ့ကို ညတုန်းက မွန်းတည့်ချိန်လောက် ပြန်ရောက်မည်ဟု ပြောခဲ့သည်။ Lin Mo အိမ်ပြန်ကာ ချက်ပြုတ်ရမည် သူပြီးချိန်လောက်ကျရင်တော့ Cheng Yan ပြန်ရောက်လောက်ပါပြီ။

သူ အိမ်ပြန်ရောက်တော့ Lin Mo က ဆန်ဆေးက အိုးထဲ ထည့်လိုက်သည်။ အဲဒိနောက်တော့ မီးထည့်ကာ စတင် ချက်ပြုတ်တော့သည်။ Lin Mo က ခြင်းတောင်းထဲက ဟင်းသီးဟင်းရွက်များကို ထုတ်ယူကာ သန့်စင်လိုက်သည်။ သိမ်းဆည်းထားသော နေရာမှ ၀က်ပေါင်ခြောက်ကို ထုတ်ယူကာ ရေနွေးထဲတွင် စိမ်လိုက်ပြီးတော့ ဆေးကာ အတုံးလေးတွေ တုံးပြီးတော့ အိုးထဲ ထည့်လိုက်သည်။

အဲဒိနောက် အရံဟင်းလျာ နည်းနည်းကိုပါ ပြင်ဆင်လိုက်သည်။ အရာအားလုံးက အဆင်သင့်ဖြစ်တော့ Lin Mo က သစ်သားလက်တစ်ခုပ်အပြည့်ကို မီးဖိုထဲ ထည့်ကာ စဆင် ချက်ပြုတ်တော့သည်။ ရှေးခေတ် မီးဖိုချောင်ကို လပေါင်းများစွာ သုံးပြီးနောက် အခုချိန်တွင် Lin Mo တော်တော်လေး ကျွမ်းကျင်နေပြီ။ Lin Mo က စိတ်စွမ်းအင်ရေစက် အနည်းငယ်ကို အိုးထဲ ထည့်လိုက်သည်။

Lin Mo က Cheng Yan ကိုယ်ပေါ်တွင် ဓါးရာများစွာကို မြင်ခဲ့သည်။ သူ့ရင်ဘတ်နှင့် ကျောတွင် အမာရွတ်များစွာ ရှိသည်။ အချိန်အတော်ကြာတည်းက ရှိနေခဲ့တာ ဖြစ်လိမ့်မည် သို့သော်လည်း အသစ်ဖြစ်နေတာလည်း နည်းနည်းလဲ ရှိသေးသည်။ Lin Mo က Cheng Yan သူ့အရင် မှတ်ဥာဏ်တွေ မေ့နေမှန်း သိသည်။ သူ့ကို အရင်က ပြောဖူးသည်လေ။

Lin Cheng ကို ပြန်စဉ်းစားမိတော့ Lin Mo မှတ်မိပါသေးသည် သူ့အရင်ဘ၀တုန်းက Cheng Yan မရှိခဲ့ဘူးဟု ဆိုသည်။ သူ့အရင်ဘ၀မှာတုန်းက ပါပါးLin နှင့် Lin Cheng က တောင်ပေါ်က ဘယ်သူ့ကိုမှ မကယ်တင်ခဲ့ပေ။

Lin Mo က Cheng Yan မှတ်ဥာဏ်တွေ မမေ့ခင်က စစ်တပ်က စစ်သားတစ်ယောက် ဖြစ်လိမ့်မည်ဟု သံသယရှိသည်။ Daling ကျေးရွာ၏ ထိုဘက်အခြမ်းက နိုင်ငံများစွာ၏ နယ်နမိတ်နှင့် အရမ်းနီးကပ်နေကာ နှစ်ပေါင်းများစွာ တိုက်ခိုက်နေကြတာ လည်း သူတို့ပေါ်သို့ သက်ရောက်လှသည်။ Cheng Yan က ဒဏ်ရာ ပြင်းစွာရပြီးနောက် တောင်စောင်းပေါ်က ကျတာ ဖြစ်လောက်သည် ။ နောက်ကျတော့ မတော်အဆအနေနှင့် ပါပါးLin ကို ကယ်တာကို ခံလိုက်ရသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now