38 First Day of the New Year ( Z & U)

8.8K 1.5K 18
                                    

Chapter 38: First Day of the New Year

အခန်း ၃၈ နှစ်သစ်၏ ပထမဆုံးနေ့

မုန့်လုံးရေပေါ် စားပြီးတော့ Lin Mo က ၀တ်စားကာ Cheng Yan နှင့် အပြင်ထွက်ကြသည်။ မိသားစုထဲက ကျန်သောသူများလဲ သူတို့ဘာသာ သူတို့ နှစ်ယောက် သုံးယောက် အဖွဲ့ဖွဲ့ကာ ထွက်ကြသည်။

ရေခဲမီးအိမ်ပွဲတော်က လုပ်လာတာ အချိန်ကြာမြင့်လှပြီ။ အစတုန်းကတော့ မိသားစုတိုင်းက ရေခဲ မီးအိမ်လေးတစ်ခုစီ လုပ်ကာ ခြံဝင်းထဲတွင် ထားကြသည်။ အဲဒိနောက်မှာတော့ အခြားသူများလဲ ကြည့်ရန် အိမ်ပေါက်ဝမှာ ထားကြသည်။ နှစ်သစ်ကူး၏ ဒုတိယနေ့တွင် လူတွေက ဘယ်ဟာက အကောင်းဆုံးလို့ ထင်သလဲဆိုတာ ရွေးချယ်ကြသည်။ အခုတော့ အဲဒါက လှုပ်ရှားမှု ပွဲတစ်ခုအသွင်တောင် တိုးတက်လာတာ ဖြစ်သည်။ မြို့ပေါ်တွင် ရေခဲ မီးအိမ်များ ထွင်းရန်အတွက်  ထွင်းထုသည့်ကရိယာများနှင့် ရေခဲတုံးကြီးများတောင် ထားပေးထားသည်။ လူတိုင်း ပါဝင်နိုင်သည်။ ထွင်းထုပြီးချိန်တွင် ထွင်းထုသူက ပြိုင်ပွဲလုပ်ရာ နေရာမှာပဲ ထားခဲ့မလား အိမ်ပြန်ယူမလားဆိုတာ ရွေးချယ်နိုင်သည်။

သို့သော်လည်း ယနေ့အချိန်တွင်တော့ ရေခဲမီးအိမ်ပွဲတော်က လူအများ သူတို့၏ ချစ်သူများကို ခံစားချက်များ ဖော်ပြရာ ဥပစာ ဖြစ်နေသည်။ ဒီပွဲတော်ကို လာရောက် ပါဝင်ကြသူ အများစုက လူငယ်များ ဖြစ်ကြသည်။

Lin Mo က သူ့လက်တစ်ဖက်ကို Cheng Yanရဲ့ အကျီ င်္အိတ်ကပ်ထဲတွင် ထည့်ကာ သူနှင့် ရင်ဘောင်တန်းလမ်းလျှောက် နေသည်။ မနက်ပိုင်းပဲ ရှိသေးတာကြောင့် လူအများကြီး ထွက်မလာသေးပေ။ လမ်းပေါ်မှာလဲ ရေခဲ မီးအိမ်အနည်းသာ ရှိသေးသည် သို့သော်လည်း သူတို့သာ ညဘက် လာလျှင် တစ်လမ်းလုံးအပြည့် ဖယောင်းတိုင်မီးများဖြင့် အလင်းထွက်နေသော ရေခဲ မီးအိမ်များ တွေ့နိုင်မည် ဖြစ်သည်။ ရေခဲရုပ်တုများမှာ အလင်းများမှာ ကြယ်များကဲ့သို့ တောက်ပလှသည်။

Cheng Yan က Lin Mo ဘေးကနေ လမ်းလျှောက်ကာ သူ့ခြေလှမ်းများအတိုင်းသာ လိုက်သည်။ အရိုးသားဆုံး ပြောရလျှင် ဒီရေခဲမီးအိမ်များက ကြည့်ကောင်းသည်ဟု မထင်ပေ သို့သော်လည်း သူက Lin Mo နှင့် အတူရှိ နေချင်တာ ဖြစ်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationOpowieści tętniące życiem. Odkryj je teraz