52 An ChengLin and Zero One

7.3K 1.4K 70
                                    

Chapter 52: An ChengLin and Zero One

အခန်း ၅၂ An ChengLin  နှင့် ဇီးရိုးဝမ်း

 Lin Mo က သူ့နေရာတွင် အပြုံးဖျော့ဖျော့လေး တစ်ပွင့် မျက်နှာပေါ် ပန်ဆန်လျက်ထိုင်ကာ ညီအစ်ကိုသုံးယောက် စကား ပြောနေကြတာကို နားထောင်နေသည်။ တစ်ချက်တစ်ချက်ကျလျှင် ခေါင်းစဉ်က သူ့ပေါ် ရောက်လာတတ်ပေမယ့် သူကတော့ အဖြေပေးပြီးလျှင်တော့ စကားအများကြီး မပြောပေ။ Lin Mo က သူတို့ကို ၀မ်းမြောက်ဝမ်းသာ ကြည့်နေတာ ဖြစ်သည်။ အမှန်က An JinYuan က သူနှင့် ဆင်တူလှသည်။ သူ့မှာ သူ့ကို ချစ်မြတ်နိုးသော အစ်ကိုနှစ်ယောက် ရှိသည်။ သို့သော်လည်း သူတို့ အဆုံးသတ်ကတော့ မတူညီပေ။ Lin Mo က ပြုံးမြမြလေး ဖြစ်နေသော An JinYuan ကို ကြည့်ကာ အားကျနေသည်။

သူ့အစ်ကိုတွေ အပျော်နေလျှင် အဲဒါ သူ့ရဲ့ အပျော်ဆုံး အချိန်ဖြစ်သည်။ သို့သော်လည်း အခုလည်း သူအရမ်းပျော် နေသည်။ နောက်ထပ်တစ်ကြိမ် သူ့မှာ မိသားစုဝင်တွေနှင့် Cheng Yan ရှိနေသည်။

အကြာကြီး စကားပြောနေပြီးနောက် Momo အနည်းငယ် စိတ်နှင့်လူမကပ်ဖြစ်နေတာကို  Cheng Yan သိမြင်သွားပုံ ရသည်။ Cheng Yan က အသံတိုးတိုးနှင့် “အင်ပါယာဥယျာဉ်တော်ကို သွားလည်ချင်လား ဒါမှမဟုတ် အိမ်တော်ကို ပဲ ပြန်ချင်လား”

“ဟင့်အင်း စကားဆက်ပြောပါ….”

An JinYuan က ထလာကာ Lin Mo ဘေးကို လျှောက်လာကာ သူ့လက်ကို ကိုင်ပြီး ရယ်မောစွာနှင့် “ရောက်လာကာစပဲ ရှိသေးတာ ပြန်ချင်လို့လားမပြန်ပါနဲ့ဦး A-Mo ပြောဖူးတယ်မလား နန်းတော်မှာ လာတွေ့ချင်တယ်ဆို။ အခု အချိန်ကောင်းပဲ။ လာ အင်ပါယာဥယျာဉ်တောကို သွားရအောင် ။ အင်ပါယာအစ်ကိုတော်နဲ့ ပဉ္စမအစ်ကိုတော်တို့ ဒီမှာ စကားပြောနေပါစေ ”

Lin Mo ထရပ်ကာ “အင်း. ဒီတစ်ကြိမ်တော့ နန်းတော် ဥယျာဉ်ကို လျှောက်ကြည့်ချင်တယ်” 

“Momo က ကျန်းမာရေး ကောင်းသေးတာမဟုတ်ဘူး။ အပြင်မှာ အကြာကြီး မနေနဲ့နော်” Cheng Yan သတိပေး လိုက်သည်။

“ညီတော်သိပါတယ်။ အစ်ကိုတော်တောင် စကားများလွန်းလာသလို ခံစားနေရတယ်” Ah JinYuanက ပွစိပွစိလုပ်ကာ Lin Mo ကို ခေါ်သွားတော့သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now