40 The Yan and Lin Family (Z &U)

8K 1.3K 7
                                    

Chapter40: The Yan and Lin Family

အခန်း 40 Yanမိသားစု နှင့် Linမိသားစု

မနက်စာ စားပြီးတော့ Linမိသားစုက Yan မိသားစုဆီကို နှစ်သစ်အလည်အပတ်သွားကြသည်။

Yanမိသားစုနှင့် Linမိသားစုက သူတို့ အဖိုးအဖွားများလက်ထက် ထဲက မကြာခဏ အဆက်အသွယ် ရှိကြသည်။ အဖိုးLin လက်ထက်တွင် ရင်းနှီးမှုက နည်းလာသည်ဟု ဆိုသော်လည်း မိသားစုနှစ်စု၏ ဆက်ဆံရေးက မပြတ်တောက် သွားပေ။

Lin မိသားစု၏ တတိယသမီးဖြစ်သူ Lin Lan က Yan Ningxi နှင့် လက်ထပ်အပြီးအတွင် မိသားစုနှစ်စု၏ ဆက်ဆံရေးက ပိုနီးကပ်လာသည်။

Yan မိသားစုက မိသားစုကြီးတစ်ခုအနေနှင့် အဓိကမိသားစုနှင့် အခြားမိသားစုအခွဲတွေ အဖြစ် ခွဲခြားထားသည်။ Yan Ningxi နှင့် သူ့မျိုးရိုးက အဓိကမိသားစုကြီးမှ ဖြစ်သည်။ သူ့အဖိုးက စာမေးပွဲ မဖြေခဲ့သော်လည်း မိသားစု၏ အစီအမံနှင့် အရာရှိ ဖြစ်လာသော်လည်း စီးပွားရေး လုပ်ရန်သာ ရွေးချယ်ခဲ့သည်။

Yan Ningxi အဖိုးက သူ့မိသားစု၏ စွန့်ပစ်ခြင်းခံရပြီးနောက် မိသားစုနှင့် သူတို့ဆက်ဆံရေးကပိုပြီး နည်းပါးလာသည်။ အရေးကြီးသော ပွဲလမ်းသဘင်များနှင့် အထူးနေ့များ အပြင် Yan Ningxi နှင့် သူ့မိသားစုက သူတို့အိမ်သို့ ပြန်ခဲလှသည်။ မည်သို့ပင် ဆိုစေ သူတို့တွေအားလုံးက စီးပွားရေးလောကထဲမှ ထွက်လာပြီးဟု ဆိုကာ ထိုလူများ၏ အနှောင့်အယှက်ကို မခံရပေ။

Yan မိသားစုက Mudinစီရင်စုက မဟုတ်ပေ။ Yan Ningxi၏ အဖိုးက နိုင်ငံအနှံတွင် စားသောက်ဆိုင်များစွာ ရှိသည်။ Mudin တိုင်းပြည်က Zuiyun Plaza ကလည်း တစ်ခုအပါအ၀င် ဖြစ်သည်။ အခုတော့ ဒီလုပ်ငန်းက Yan Ningxi လက်အောက်တွင် ဖြစ်သည်။ ဒါက သူ့ကို ဒီလုပ်ငန်းကို လက်ပြောင်းယူရန် အဓိက ဖြစ်သည်။

Lin Lan၏ ဗိုက်က ပို ပိုပြီး ကြီးလာကာ နောက်သုံးလလောက်တွင် မွေးဖွားနိုင်သည်။ Yan Ningxi က ဒီအချိန်တွင် အန္တရာယ် ဖြစ်စေမည်များကို မလုပ်ရဲသောကြောင့် ဒီနှစ်တွင် သူ့အဖေနှင့် အိမ်မပြန်ပဲ သူ့ဇနီးနှင့်သာ အိမ်မှာ နေခဲ့သည်။

Yanမိသားစု အိမ်က Lin မိသားစူအခုနေသော နေရာနှင့် အနည်းငယ် လှမ်းသည်။ Lin Cheng နှင့် Cheng Yan က လှည်းသုံးစီး ငှားလိုက်သည်။ နာရီဝက်လောက် ထိုင်လိုက်အပြီးမှာတော့ လှည်းက ရပ်တန့်သွားသည်။ Cheng Yan ပခုံးပေါ်တွင် ခေါင်းလေးမှေးတင်ကာ မျက်စိမှိတ်ပြီး အနားယူနေသော Lin Mo က လှည်းရပ်တန့်လိုက်သည့် အချိန်မှာပဲ မျက်လုံးတွေ ဖွင့်လိုက်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now