02 Spiritual Space ( Z & U)

18.6K 2.3K 21
                                    

Chapter 2: Spiritual Space

အခန်း ၂ စိတ်စွမ်းအင်လွင်ပြင်

ခြံဝင်းထဲမှာ Lin Mo က ခွေးခြေခုံလေးနဲ့ ထိုင်နေကာ အသီးကို တစ်လုံးပြီး တစ်လုံးစားနေသည်။ သစ်သီးအရည်က ချဉ်ပြီးတော့ ချို ကာ သူ့ကို အနည်းငယ် ပျော်ရွှင်စေသည်။

Lin Moဘေးမှာက Lin Chen ထိုင်ကာ ကလေးနှစ်ယောက်ကလည်း သစ်သီးခြင်းနားမှာ စက်ဝိုင်းပုံ ၀ိုင်းထိုင်လျက်ရှိသည်။ မာမားLin ကဆေးပင်အရိုင်းတွေနဲ့ အရွက်တွေကို ဖြတ်ကာ ကြက်ခြံနှင့် ၀က်ခြံထဲကို ပစ်ထည့်ကာ ၀ါးတံမြက်စည်းနှင့် ၀င်းထဲကို သန့်ရှင်းရေး စလုပ်တော့သည်။

ကြက်များ ၀က်များ၏အသံ မီးဖိုထဲက လွင့်လာသည့်ထမင်းအနံ အိမ်အပြင်ဘက်က လူတွေရဲ့စကားပြောသံ အတိုးအကျယ်များ အားလုံးက သူ့ကို အိပ်မွေ့အချခံထားရသလိုဖြစ်စေသည်။

သူ သုတေသနဌာနတုန်းက သူ့ရဲ့မဲမှောင်လှတဲ့ နေ့ရက်တွေတုန်းက မမျှော်လင့်ခဲ့သော သူ့ရဲ့သဘာဝမကျတဲ့ စိတ်ကူးအိမ်မက်တွေက ဒီနေ့တော့ ဖြစ်လာခဲ့ပြီ။

"အမေ ကျွန်တော် ငါးကြီးနှစ်ကောင်နဲ့ ပုစွန်တွေ အများကြီးပဲ ဖမ်းမိတယ်" Lin Xing က ခြံထဲကို ငါးနှစ်ကောင်ကို တစ်ဖက် ၀ါးခြင်းထောင်းကို တစ်ဖက်ကိုင်ကာ ၀င်လာသည်။ Lin Xing ဘောင်းဘီက သူ့ဒူးအထိဆွဲတင်ထားကာ ရွှံ့အချို့ကလဲ သူခြေသလုံးမှာ ကပ်နေသေးတာမို့ သန့်ရှင်းရေးမလုပ်ရသေးတာ ပေါ်လွင်နေသည်။

"မီးဖိုချောင်ထဲ ယူသွားပြီး မင်းအကိုကြီးကို ပေးလိုက်။ စိုလာတာလား?" မာမားLin ရဲ့အသံက ၀က်ခြံထဲက ထွက်လာသည်။

"မစိုဘူး" Lin Xin က သူ့ရဲ့စိုနေတဲ့ဘောင်းဘီအနားကို ကြည့်ပြီးတော့ ပြတ်ပြတ်သားသားလှမ်းဖြေလိုက်သည်။ သူ့ဘောင်းဘီခြေထောက်စိုတာပဲ သူ့အကျီ င်္မှ မဟုတ်တာ။ သူပြောတာက မှန်တယ်လေ။

"ပဉ္စမအစ်ကို မင်းဘောင်းဘီခြေထောက်က စိုနေတဲ့ဟာ" Lin Chen က အသံတိုးတိုးလေးနဲ့ထောက်လေသည်။

"ထားလိုက်စမ်းပါ" Lin Xing က သူ့ညီကို ငေးကြည့်ကာ သူ့လက်ထဲက ပစ္စည်းတွေကို မီးဖိုချောင်ကို အမြန်သယ်သွားပေးလိုက်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationDonde viven las historias. Descúbrelo ahora