11 Cheng Yan & Lin Mo ( Z & U)

10.8K 1.8K 21
                                    

Chapter 11: Cheng Yan and Lin Moအခန်း ၁၁ Cheng Yan နှင့် Lin Mo

စပျစ်သီးများကို လုပ်ကိုင်ပြီးချိန်တွင် မွန်းတည့်ခါနီး ဖြစ်နေသည်။ Lin Mo က ဟင်းသီးဟင်းရွက်စိုက်ခင်းကို သွားကာ အသီးအရွက်အချို့ကို ခူးယူလိုက်သည်။ Lin Chen က မီးဖိုချောင်ထဲ ၀င်သွားကာ စတင် ချက်ပြုတ်တော့သည်။

Lin Xiaoya က ခွေးခြေအသေးလေး တစ်လုံးတွင် ထိုင်ကာ သစ်တော်သီးတစ်လုံးကို လက်ထဲက ကိုင်ပြီး ကိုက်ဝါးရင်းနှင့် သူ့(မ)အရှေ့မှာ မတ်တပ်ရပ်နေသည့် ဦးလေးChen Yan ကို ကြည့်နေသည်။သစ်တော်သီး နှင့် လုံးပန်းနေသော Lin Xiaoya က ဦးလေးChen Yan ခြံတံခါးဆီကို ဦးတည် နေတာကို မြင်လိုက်သည်။ Lin Xiaoya က အဲဒါကို မြင်လိုက်သည်နှင့် အနည်းငယ် စိုးရိမ်သွားပြီး သူ(မ)ပါးစပ်ထဲ က အသီးကို တောင် ဂရုမစိုက်နိုင်တော့။ မီးဖိုချောင်ဘက်ကို လှည့်ကာ အော်ဟစ်လိုက်သည်။

"စတုတ္ထဦးလေး ထွက်.. ထွက်.. ဦးလေးCheng က ပြန်နေတယ်" အော်ပြီးတာနဲ့ Lin Xiaoya က မြေကြီးပေါ်က အသီးကို ငုံကြည့်လိုက်သည် ပြီးမှ သူ့လက်ထဲက အသီးကို ကိုက်လိုက်သည်။ ကိုက်ပြီးသည်နှင့် မတ်တပ်ရပ်ကာ Cheng Yan ဆီကို ပြေးတော့သည်။

Lin Mo က ခြံဝင်းထဲက Lin Xiaoya၏ အသံကို ကြားလိုက်သည်။ သူ့လက်ထဲက ပစ္စည်းတွေ အကုန် ချပြီး ထွက်လာသည်။

"နေ့လည်စား ဖို့ နေမှာ မဟုတ်ဘူးလား?" Lin Mo က မေးလိုက်သည်။ သူအစောကတည်းက သေချာအောင် ပြောပြီးသား ပါ။ ဘယ်လိုလုပ် သူက အခု ထွက်သွားတာတုန်း?

"ခဏလောက်ပဲ သွားမှာပါ ပြီးရင် ပြန်လာခဲ့မယ်" Cheng Yan ပြောကာ မေးစေ့ကို အသာပွတ်နေသည်။Lin Moက ခေါင်းညိမ့်လိုက်သည်။ Cheng Yanထွက်သွားသည်နှင့် သူက Xiaoya ကို အခန်းထဲကို ခေါ်သွားလိုက်သည်။

Lin Mo က ကလေး၏ ခေါင်းလေးကို ထိကာ ပြောလိုက်သည်

"စတုတ္ထလေးလေး ဟင်းချက်နေတုန်း ဒီမှာ သမီးကိုကိုနဲ့ နေပြီး ဖေဖေ့ကို အဖော်ပြုပေးလိုက်နော်"

"အင်း..." Lin Xiaoya ပါးစပ်က တမြုံမြုံဝါးနေရင်းနှင့် သူ့ဦးလေး ၏ စကားကို ကြားသည်နှင့် ခေါင်းညိမ့်ပြလိုက်သည်။Lin Mo က ဆေးသောက်ပြီး အိပ်ပျော်ကာစ Lin Cheng ကို ကြည့်လိုက်ပြီး အခန်းထဲက ထွက်သွားသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationOnde histórias criam vida. Descubra agora