55 Courtesy Must Not Be Abolished

6.7K 1.4K 31
                                    

Chapter 55: Courtesy Must Not Be Abolished

အခန်း ၅၅ လောက၀တ်များမှာ ဖျတ်သိမ်းမရ

Lin Mo က သူ့ဒုတိယအစ်ကို အင်ပါယာမြို့တော်ကို ရောက်တော့ဆိုသောသတင်း Cheng Yan ပါးစပ်က ကြားကတည်းက တော်ဝင်နန်းဆောင် ထဲက အခြားခြံဝန်းတစ်ခုကို ရှင်းလင်းထားရန် အစေခံများကို ပြောထားပြီးသား ဖြစ်သည်။ ရေချိုး အ၀တ်အစားလဲ ပြီးတော့ Lin Xiu က သူ့ညီငယ်ကို ရှာချင်သည်။ ထိုအခါ သူ့ကို စောင့်ဆိုင်းနေသော ကောင်လေးက အမြန် လမ်းပြပေးလေသည်။

“ဒုတိယအစ်ကို ဘာလို့ ဒီကိုလာတာလဲ မနားဘူးလား” ခြံဝန်းထဲတွင် ပန်းပင်တွေနှင့် သစ်ပင်တွေကို ကြီးကြပ်နေသော Lin Mo မှာ သူ့ဒုတိယအစ်ကို လာတာ မြင်တော့ ထကာ မေးလိုက်သည်။

“ရတယ်။ ပြောစရာ ရှိလို့ လာတာ” Lin Xiu က လှမ်းလာရင်း ပြုံးနေသည်။

စောင့်ဆိုင်းနေသော အစေခံ က ကြားတော့ ကြင်ယာတော်ဆီလာကာ သူကလက်တွေကို ကူညီ သုတ်သင်ပေးကာ လက်ကိုင်ပ၀ါကို ယူပြီး အဝေးကို ထွက်သွားသည်။ သူ(မ)က ကြင်ယာတော်ကို မြင်နေရပေမယ့် သူတို့စကားတွေ မကြားရမည့် နေရာတွင် မတ်တပ်ရင်းနှင့် ကြင်ယာတော် ခေါ်ချိန်တွင် ဘယ်သူမှ ပြန်မဖြေနိုင် ဖြစ်မည့် အခြေအနေကို ရှောင်ရှားလိုက်သည်။

“အခုက အေးနေသေးတယ်လေ။ ဘာလို့ အပင်တွေ ပုံသွင်းတာတွေ လုပ်နေတာလဲ။ ” Lin Xiu က အနားကပ်လာပြီးတော့ အနည်းငယ် မျက်မှောင် ကြုပ်နေသည်။ သူက ဒါကို သဘောမကျပါဘူးနော်။

“ကျွန်တော် ပျင်းနေလို့ပါ။ ကျွန်တော်က အမှုထမ်းတစ်ယောက်လဲ မဟုတ်ဘူးလေ” Lin Mo က ကျောက်တုံးစားပွဲက မီးဖိုအသေးလေးကို ယူကာ အနားယူရန် လုပ်ထားသော ဇရပ်လေးကို သူ့ဒုတိယအစ်ကိုနှင့် အတူသွားသည်။

“အရှင့်သားက အရမ်းအလုပ်များတာ ပုံမှန်ပဲလား” Lin Xiu က ထိုင်ကာ သူ့ညီအတွက် ရေနွေးပူပူ တစ်ခွက် ငှဲ့ပေး လိုက်သည်။

Cheng Yan မည်သူမည်ဝါဆိုတာကို သိတော့ Lin Xiu က သူ့ကို နာမည်ပဲ မခေါ်တော့ပေ။ ဒါက အင်ပါယာမြို့တော် ဖြစ်သည်။ အတွေးတိမ်သော လူအချို့လည်း ရှိသည်။ ပြီးတော့ သူက အခုမှ ရာထူးဝင်ဖြေမည့်သူပဲ ရှိနေသေးသည်။ ဒီတော့ သူက အရာတိုင်းကို ဂရုစိုက်ရမည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now