16 Lin Mo's Coma ( Z & U)

10.4K 1.7K 16
                                    

Chapter 16: Lin Mo's Coma

အခန်း ၁၆ Lin Mo မေ့လဲခြင်း

Moulinစီရင်စုက Yuနိုင်ငံတော်၏ အဝေးလံဆုံး ဒေသ ဖြစ်ကာ Yu နိုင်ငံတော်နှင့် အခြားသော တိုင်းပြည်များ၏ နယ်ခြား နှင့် နီးသည်။ တိုင်းပြည်အများအပြားက စစ်ပွဲတစ်ခုသာ ဖြစ်ကြည့် Moulin စီရင်စုက ပထမဆုံး ခံစားရလိမ့်မည်။ ကံကောင်းစွာနှင့် Yuနိုင်ငံတော်က အခြားသောတိုင်းပြည်များကြားတွင် မြင့်မားသော အခြေအနေရှိသည်ကာ စစ်နတ်ဘုရား မင်းသားCheng၏ ဂုဏ်သတင်းကြောင့် အနည်းငယ် ကြောက်ရွံ့ ရိုသေ ကြသည်။ အခြားသော တိုင်းပြည်များက Yuနိုင်ငံတော် တိုက်ခိုက်မှာကို ပင် ထိတ်လန့်ကြရသည်။

Moulinစီရင်စုက ဝေးလံသော်လည်း နေထိုင်သူအများအပြား ရှိပြီးတော့ မြို့ထဲမှာလဲ အရာအများအပြားရှိသည်။ ပြီးတော့ ဒီနေရာမှာ ပင်လယ်နှင့် နီးသဖြင့် ပင်လယ်ရပ်ခြားတိုင်းတစ်ပါးက စီးပွားရေးသမားများ လာရောက်ကာ စီးပွားရေး လုပ်လေ့ရှိသည်။

ထို့ကြောင့် ဆိုင်ခန်းလေးများတွင် ထူးဆန်းသော အရာများတွေ့ရလေ့ရှိသည်။ Lin Mo စိတ်ဝင်စားသော ကျောက်စိမ်းဖြူရောင် ကြွေအိုးလေးမှာပဲလည်း ထိုထဲမှ တစ်ခုဖြစ်သည်။ ပြီးတော့ ဒီနေ့က ကုန်သည်သဘောင်္ ကမ်းကပ်သော နေ့ဖြစ်သည်။ Lin Xing၏ မျက်လုံးများမှ စူးစမ်းခြင်းအမှုဖြင့် ပြည့်နှက်နေသည်။ ဒီနေ့တွေ့ရတဲ့ ပစ္စည်းတွေက သူအရင်က တွေ့ဖူးတာတွေထက် ပိုပြီး ထူးခြားဆန်းသစ်သည်ဟု ထင်ရသည်။

"စတုတ္ထအစ်ကို လာကြည့် ဒါ အစ်ကိုရှာနေတာမျိုးမလား" ဆိုင်ခန်းသေးလေးတစ်ခု၏ ထောင့်တွင် ဖောက်ထွင်းမြင်ရသော ကြွေပုလင်းများစွာကို Lin Xing မြင်လိုက်သည်။ သူက ဆိုင်ခန်းလေးရှေ့တွင် ဆောင့်စောင့်ထိုင်ကာ Lin Moကို ကြည့်လိုက်သည်။

ဖြည်းဖြည်းခြင်း လမ်းလျှောက်ကာ ဘက်ပေါင်းစုံက ပစ္စည်းတွေကို ကြည့်နေသော Lin Mo က သူ့ညီပြောတာ ကြားလိုက်သည်။ သူက လှမ်းကြည့်လိုက်တေ့ Lin Xing၏ လက်ညှိုးညွှန်ရာ အရပ်တွင် ပုလင်းများကို တွေ့ရသည်။

ဟမ်... ကြည်လင်ပြတ်သားတဲ့ပုလင်းတွေပါလား?

Lin Mo က အဲဒိနေရာကို လျှောက်သွားပြီးတော့ Cheng Yan က သူ့နောက်ကနေ စကားတစ်ခွန်းမှ မပြောပဲ လိုက်လာသည်။ သူတို့နှစ်ယောက်ကြားက အကွာအဝေးက အရမ်းမနီးပဲ Lin Mo နဲ့ ထိမိခြင်း တနည်းအားဖြင့် သူတို့က အရမ်းနီးလွန်းသည်ဟု သူခံစားမှုမှ ကာကွယ်ရန် လုံလောက်ရုံသာ ရှိသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationDonde viven las historias. Descúbrelo ahora