10 - Grape Picking and Wine Making (Z & U)

10.6K 1.8K 15
                                    

Chapter 10: Grape Picking and Wine Making -အခန်း၁၀ စပျစ်သီး ခူးခြင်းနှင့် ၀ိုင် ပြုလုပ်ခြင်း
းနွေဥတု၏ မနက်အစောကြီးဖြစ်သည်။ ရွာထဲက လူများက အာရုဏ်တက်သည်နှင့် အိပ်ယာထကြတာ အကျင့် ဖြစ်နေကြသည်။

ခွေးတစ်ကောင်၏ ဟောင်သံက အိပ်ယာပေါ်လှဲနေသော Lin Mo ကို အာရုံ ပြန်ဝင်လာစေသည်။ ပြတင်းပေါက် အပြင်ကို ကြည့်ဖို့ ခေါင်းကို ဖြည်းဖြည်းချင်း လှည့်တော့ အာရုဏ်ပင်တက် နေပြီ။ Lin Mo က တောင့်တင်းနေသော ခန္တာကိုယ်ကြီး နှင့် ညအိပ်ခဲ့သည်ဖြစ်ရာ သူ့နယ်မြေထဲ ၀င်ပြီး ထုံးစံ အတိုင်း စိတ်စွမ်းအင်ရေ သောက်လိုက်သည်။

လွင်ပြင်ထဲမှာ သူစိုက်ထားသော ခရမ်းချဉ်ကိုင်းလေးက စမ်းရေ တွေ နေ့တိုင်းလောင်နေတာကြောင့် အပင်ငယ်လေး အဖြစ်တောင် ကြီးထွားနေပြီ။ အကိုင်းငယ်လေးကပေါ်က ခရမ်းချဉ်သီးလေးများတောင် ရင့်မှည့်နေသည်။ တစ်လုံး နှင့် တစ်လုံး စီပြီး တွဲလောင်းကျနေသောကြောင့် အဝေးကကြည့်လျှင် စပျစ်သီးနီ အခိုင်လိုက် လေးလိုပင်။

Lin Mo က တစ်ခိုင်ခူးပြီးတော့ ဆေးစိုက်လေး ဆီသို့ သွားရင်း ခရမ်းချဉ်သီးတွေ စားလိုက်သည်။ သူ အရင်က နယ်မြေထဲကို ပစ်ထဲ့ထားသော အပိုင်းလေးကို စိုက်ပြီး ဖြစ်သည်။ သူက ဆေးပင်များကို စိုက်ခင်းအဖြစ် မြန်မြန်ကြီးထွားစေချင်သည်မို့ စမ်းရေများကို အတော်များများ လောင်းထားပြီးလဲ ဖြစ်သည်။အစေ့ရသည်နှင့် သူက ဆက်စိုက်ခဲ့တာဖြစ်သည်။ ထပ်ခါထပ်ခါ တစ်လှဲလှဲ လုပ်ပြီးနောက်မှာ သူက ဆေးစိုက်ခင်းလေး အဖြစ်လုပ်နိုင်သွားသည်။ သူက အလျင်စလို သုံးစရာ မရှိသည်မို့ စမ်းရေတွေကို ထပ်မလောင်းတော့ပဲ ဒီအတိုင်းသာ ကြီးထွားစေလိုက်သည်။

Lin Mo က စိုက်ခင်းလေးဘေးမှာ မတ်တပ်ရပ်ပြီး ခရမ်းချဉ်သီး တွေ စားကာ အပင်တွေကို ငေးကြည့်နေသည်။ နောက်ဆုံးအလုံး စားပြီးနောက်မှာတော့ သူ့ခြေထောက်က ရွှံ့များကို ဆေးကာ ထွက်ခဲ့တော့သည်။

မနက်စား စားသောက် ဆေးကြောအပြီးမှာတော့ လူတိုင်းက ပစ္စည်းပစ္စယများကို ယူကာ သစ်သီးခြံသွားဖို့ အိမ်က ထွက်ခွာကြသည်။ မိသားစုထဲမှာ ဒါဏ်ရာနှင့် လူရယ် သုံးနှစ်အရွယ် ကလေးနှစ်ယောက် ရယ်ရှိသည်မို့ Lin Chen က သူတို့ကို ကြည့်ရှုရန် နေခဲ့ ရသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now