14 Going to Town ( Z & U )

9.7K 1.7K 14
                                    

Chapter 14: Going to Town

အခန်း ၁၄ မြို့သို့ သွားခြင်း

မနက်အစောကြီးတွင် လေက လတ်ဆတ်လှသည်။ Lin Mo တံခါးအပြင်ကို လှမ်းထွက်လိုက်ပြီး ခြံဝန်းထဲမှာ မတ်တတ် ရပ်နေသည်။ အသက်ကို ပြင်းပြင်းရှုကာ တစ်ညတာ တင်းတောင့်နေသည့် သူရဲ့ အာရုံကြောများကို ဖြေလျော့လိုက်သည်။

Lin Mo မတ်တတ်ရပ် သွားတိုက်နေရင်းနှင့်လည်း နောက်ပိုင်းကျလျှင် မြို့ပေါ်မှာ သူ့ဝိုင် ဘယ်လိုရောင်းရမလဲ ဆိုတာကို စဉ်းစားနေသည်။ မနက်စာ ပြင်ဆင်နေကြသော အသံများလည်း မီးဖိုချောင်ထဲကထွက်လာကာ မာမားLin နှင့် မရီးLin တို့ တီးတိုး စကားပြောသံများလဲ ထွက်လာသည်ပေါ့။

Lin Mo သွားတိုက်ပြီးတော့ မျက်နှာသစ်ချိန်မှာ အခြားသူတွေလဲ အိပ်ယာထကုန်ကြသည်။ Lin Mo စားပွဲခုံမှာ ထိုင်ကာ မနက်စာ စားသည် ပြီးတော့ ရံဖန်ရံခါလည်း သူ့တူမ နှင့် တူရဲ့ ပန်းကန်လုံးလေးတွေထဲကို ဟင်းလေးတွေ ထည့်ပေးရသည်။

Lin Xing က အမြန်သွားတိုက်ပြီးတော့ မျက်နှာကို သုတ်လိုက်သည်။ စတုတ္ထအစ်ကို တစ်ယောက် နှင့် ကလေး နှစ်ယောက်ပဲ စားပွဲခုံမှာ ထိုင်နေတာကို မြင်လိုက်သည်။ အခြားလူတွေ အကုန်လုံးက အလုပ်ရှုပ်နေကြသည်။ Lin Xing က အစ်ကိုလေးရဲ့ နားကို အမြန်သွားကာ ဘေးမှာ ထိုင်ချလိုက်သည်။

"စတုတ္ထအစ်ကို အဖေတို့ အမေတို့နဲ့ ဒီနေ့ မြို့ကို သွားမှာ မလား?" Lin Xing က ပေါက်စီအလွတ် တစ်လုံးကို လှမ်းဆွဲကာ အစ်ကိုလေးကို တီးတိုးပြောလိုက်သည်။

"အင်း.. မင်းညက မကြားလိုက်ဘူးလား? ဘာလို့ မျက်နှာခြောက်အောင်မသုတ်တာလဲ?" Lin Mo က မျက်နှာသေ နှင့် တစ်ချက် ကြည့်ပေးလိုက်သည်။

Lin Xing က ရယ်ကာ သူ့အကျီ င်္လက်နှင့် မျက်နှာပေါ်က ရေတွေကို သုတ်လိုက်သည်။ "ဒီတော့အာ....ကျွန်တော် အစ်ကို နဲ့ လိုက်လို့ရမလားဟင် အစ်ကိုလေး?"

"ဘာလို့ လိုက်ချင်တာလဲ?"

"အဟွတ်.... အစ်ကိုတို့ တစ်ခုခု ၀ယ်လို့ရှိရင် ကျွန်တော်က ကူသယ်ပေးမလို့လေ" Lin Xing က အမြန် မတ်တပ်ရပ်ကာ အပြုံးလေး တစ်ခုနှင့် ပြန်ဖြေလိုက်သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now