68 I Can't Sleep Without My Husband

6.4K 1K 26
                                    

Chapter 68: I Can’t Sleep Without My Husband

အခန်း ၆၈ ကိုက ကို့ခင်ပွန်းမရှိရင် အိပ်မရဘူး

Linမိသားစု အင်ပါယာမြို့တော် ရောက်ပြီး နောက်တစ်ရက်ကျတော့ Lin Mo နှင့် Cheng Yan က မနက်စောစော အိပ်ယာ ထကြသည်။ သို့သော်လည်း သူတို့မိသားစုထဲက ကလေးများစွာကတော့ သူတို့တွေ ထက်တောင် ပိုပြီး စောစော နိုးနေပုံ ရသည်။ Lin Mo နှင့် Cheng Yan တို့ သူတို့အခန်းမှ ထွက်ထွက်ချင်းပင် Xiaoya တစ်ယောက် သူ(မ)အစ်ကိုနှင့် လက်ချင်းတွဲကာ အစေခံများတစ်သီကြီးနှင့် လာနေတာ တွေ့တော့သည်။

Xiaoya ၏ အသံနှင့် တက်ကြွှနေမှု နှင့်အတူ Xiaonan၏ တစ်ခါတစ်ရံ သံယောင်လိုက်ခြင်းကိုပါ သူကြားရသည်။

Lin Xiaoya က သူ့စတုတ္ထဦးလေး သူတို့ဆီ လာနေတာ မြင်သောအခါ သူ(မ)၏ လေသံက အနည်းငယ် ကြွားဝါခြင်းတောင် ပါနေသည်။ “တွေ့လား။ သမီးပြောပါတယ် စတုတ္ထဦးလေးက နိုးနေပါပြီလို့။ သမီးနဲ့ အစ်ကို့ကို လာလိမ်ချင်တာလား။ လူကြီးတွေကလေ ကလေးတွေကို လိမ်ရတာ ကြိုက်ကြတာပဲ”

သူတို့နောက်က လိုက်လာသော အစေခံအချို့မှာမူ မတရားခံလိုက်ရသလိုပင်။ သူတို့သခင်များက ပုံမှန်ဆိုလျှင် ဒီလို အချိန် အိပ်ယာမထကြပေ။ သူတို့က ဘယ်လိုလုပ် သိမှာလဲ? ပြီးတော့ သူတို့တွေက အရှင်နှစ်ပါးကို  နေ့စဉ် အိပ်ယာထချိန်နှင့် ရေသုံးသပ်ချိန် ခစားရသော သူများလဲ မဟုတ်ပေ။

Lin Xiaoya က ပြောလို့ ပြီးတာနှင့် အစေခံအချို့ ပြန်ဖြေတာကို စောင့်မနေယုံသာမက သူ(မ)အစ်ကို၏ လက်ကိုတောင် လွှတ်ချလိုက်သေးသည်။သူတို့နောက်က လိုက်လာသော အစေခံများက အဲဒါကို မြင်တော့ အသင့်ရပ်နေလိုက်သည်။

“ဘာလို့ အစောကြီး ထလာတာလဲ၊ ဘာလို့ ထပ်မအိပ်တော့တာလဲ" Lin Moက သူ့ဆီ ပြေးဝင်လာသော Xiaoya ကို ဖက်ရမှာ ဖြစ်သဖြင့် သူက ရပ်တန့်လိုက်ရသည်။

“အပြင်ထွက်လည်ကြမယ်လေ” Xiaoya က မော့ကြည့်ကာ စိတ်လှုပ်ရှားစွာနှင့် ပြောလိုက်သည်။

“မနက်စာ အရင်စားရဦးမယ်လေ။ ပြီးမှ အပြင်ထွက်ကြမယ်” Lin Mo က Xiaoya လက်ကို ဆွဲကာ လမ်းလျှောက်ရင်း ပြောသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now