29 Education ( Z & U)

9.5K 1.6K 24
                                    

Chapter 29: Education

Lin Mo အားလုံး ၀တ်ဆင်ပြီးချိန်တွင် အခြားသောသူများထွက်သွားကြကာ အစ်ကိုကြီး Lin ၏ သားသမီးများ ၀င်လာကြသည်။ သူတို့ ၀တ်ထားထားကြသည်မှာလဲ အနီရောင်ပင် ဖြစ်ရာ ပျော်ပွဲရွှင်ပွဲနှင့် အလွန်တူလှသည်။

"၀ါး... စတုတ္ထဦးလေး က တကယ် ကြည့်ကောင်းတာပဲ အ၀တ်အစားတွေကလဲ ကြည့်လို့ကောင်းလိုက်တာ တန်ဟူလူလိုပဲ နီရဲနေတာပဲ" Lin Xiaoya က Lin Xing ဆီကနေ ပြေးထွက်လာကာ သူ့လက်ကို လာကိုင်ပြီးတော့ အိမ်ယာ နားကို ပြေးသည် ပြီးတော့ သူ(မ)လက်လေးတွေကို Lin Moခြေထောက်ပေါ် တင်ကာ မော့ကြည့်ပြီး သူ့ကို ငေးနေသည်။

အရှေ့ဘက်ကတော့ ကြည့်ရတာ အဆင်ပြေသည် သို့သော် အနောက်ဘက်ကတော့ တန်ဟူလူနှင့် တူနေသည်။ အရမ်းထူးဆန်းတယ်လို့ ဘာ့ကြောင့်များ သူ(မ)လေး တွေးမိရတာလဲ။

"ချောနေတာပဲနော်" Lin Xiaoya က Lin Mo၏ အ၀တ်အစားများကို သေချာ ထိကြည့်နေသည်။

"အင်း သုံးယောက်သား ဒီမှာ ဘာလုပ်နေတာလဲ? လာ ထိုင်ဦး မင်းကို ပြောစရာ ရှိတယ်" Lin Mo က ပြောလိုက်သည်။

"ကျွန်တော်က စတုတ္တအစ်ကိုက ဒီနေ့ ကြည့်ရတာ ထူးဆန်းနေတယ်လို့ ခံစားရလို့ ကြောင်နေမိတာ" Lin Xing က သူ့ခေါင်းလေး သူထိပြီးတော့ ပြုံးကာ ပြောလိုက်သည်။ Lin Xing က တစ်ဖက်သို့ သွားကာ ထိုင်ခုံတွင် ထိုင်လိုက်သည်။ Lin Chen က Xiaoya နှင့် Xiaonan ကို ခေါ်ကာ စတုတ္တအစ်ကို၏ အိပ်ယာ၏ အခြားတစ်ဖက်တွင် တင်ပေးလိုက်သည်။ ပြီးနောက် သူက နောက်ထပ် ခုံတစ်ခုတွင် ထိုင်လိုက်သည်။

"A-Chen"

"အွန် ဟုတ်ကဲ့ စတုတ္တအစ်ကို" Lin Chen က မော့ကြည့်ပြီး အံ့သြနေသည်။

"မင်း စီးပွားရေး လုပ်ရတာ စိတ်ဝင်စားရင် အစ်ကိုကြီးဆီကနေ သင်လို့ရတယ် ဒါပေမယ့် ကျောင်းသွားတဲ့အခါကျရင်တော့ သေချာလုပ်ဖို့ လိုတယ်"

"ဘာလို့လဲ A-Chen မင်းကျောင်းသွားတော့မှာလား" Lin Xing က အဲဒိကို ကြားပြီးတော့ Lin Chen ဘယ်လောက်တောင် စာဖတ်ရတာ မုန်းသလဲ ဆိုတာ တွေးမိသွားသည်။

Lin Mo က သူ့ကို ဖျတ်ခနဲ ကြည့်ကာ အမူအယာသေကြီးနှင့် ပြောလိုက်သည် "မင်းလဲ သွားရမှာပဲဟာ ဘာလို့ ထူးဆန်းနေတာလဲ"

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now