19 I'm Not Your Brother ( Z & U)

9.8K 1.6K 9
                                    

Chapter 19: I'm Not YourBrother

အခန်း ၁၉ ကျွန်တော်က အစ်ကိုတို့ညီမဟုတ်ဘူး

Cheng Yan က သူ့ကို အဖော်ပြုပေးနေသော်လည်း Lin Mo အကြာကြီး မအိပ်ဖြစ်ပေ ။ သူ့အရင်ဘ၀က အိမ်မက်ဆိုးများကြောင့် Lin Mo လန့်နိုးသွားသည် ပြီးတော့ ရုတ်တရက် မျက်လုံးပွင့်သွားကာ အသက်ကို ပြင်းပြင်း ပင့်သက်ရှိုက်လိုက်ရသည် ။ ဒီအချိန်မှာတော့ သူ့အိမ်မက်ဆိုးက သုတေသနဌာနထဲတွင် အချည်ခံထားရကာ နှိပ်စက်ခံနေရသည် မဟုတ်တော့။ အတိတ်က မိသားစုဝင်များနှင့် အခုလက်ရှိ သူ့မိသားစု ၏ သေဆုံးမှုများကို အိမ်မက် မက်ခြင်းဖြစ်သည်။

သူ့မျက်လုံးများက သွေးများနှင့် နီနေသည်။ သူနှာခေါင်းက သွေးနံ့များကြောင့် ထုံနေသည်။ သူ့နားထဲက ငိုညည်းသံများက ဘယ်တော့မှ မရပ်တန့်ခဲ့။

"ဘာဖြစ်လို့လဲ?" Cheng Yan က Lin Mo ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် တုန်လှုပ်သွားကာ သူက စိတ်အခြေအနေလည်း သိပ်မကောင်းဘူးဆိုတာ မြင်လိုက်ရသည်။ သူဘာမှ မတတ်နိုင်ပဲ စိတ်ပူတာပဲ တတ်နိုင်သည်။

"ဟင့်အင်း.....ကျွန်တော် အဆင်ပြေတယ်" Lin Mo ဖြည်းဖြည်းချင်းအသက်ရှူဖို့ကြိုးစားပြီးနောက် Cheng Ya ကို ကြည့်လိုက်သည်။

Lin Mo က သူ့မျက်လုံးပွင့်ကာ Cheng Yan၏ လက်ကို ဆွဲကိုင်ကာ အိပ်ယာပေါ်တွင် လှဲနေပြီးတော့ မျက်နှာကျက်ကို ငေးကြည့်နေသည်။ အခုချိန်က နေ့လည်ခင်းတောင် ဖြစ်နေပြီ။ Lin Mo နိုးလာသည့်နောက်တွင် Cheng Yan က ဆက်နေစရာ အကြောင်းပြချက် မရှိတော့ပေ။ Lin Mo နှင့် စကားပြောပြီးနောက် Cheng Yan ထွက်သွားသည်။

တံခါးက ကျီခနဲ မြည်သံတစ်ချက်နှင့် ပိတ်သွားသည်။ Lin Mo က မျက်လုံးလေး မှိတ်ချီပွင့်ချီလုပ်ကာ ငေးကြည့်နေသည်။ အချိန်အကြာကြီးနေမှ သူက တစ်ဖက်လှည့်ကာ စောင်ကိုဆွဲယူကာ လွှမ်းခြုံလိုက်သည်။

Lin Mo၏ စိတ်ထဲတွင် Lin Cheng နှင့် Lin Xiu တို့ ပြောကြသည်များကိုနှင့်သာ ပြည့်နေသည်။ Lin Cheng၏ စကားများအရ Lin Mo အချက်အလက်တော်တော်များများသိလိုက်ရသည်။

Lin Cheng ကပြန်လည်မွေးဖွားခဲ့တာ ဖြစ်သည်။ Lin Cheng၏ အရင်ဘ၀တွင် Lin Xiuက ထောင်ဖမ်းခံလိုက်ရသည် ပြီးနောက် Lin မိသားစုပါ ငြိစွန်းသွားခဲ့သည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationTahanan ng mga kuwento. Tumuklas ngayon