25 Fifth Uncle, Don't Get in Trouble

9.2K 1.5K 27
                                    

Chapter 25: Fifth Uncle,Don't Get in Trouble -

မီးပုံးပွဲတော်၏ ညနေ တွင် လမ်းပေါ်၌ စိတ်ဝင်စားဖွယ်ရာ ကောင်းလှသော ပစ္စည်းအမြောက်အမြားခင်းထားသော ဆိုင်ခန်းများစွာ ရှိနေသည်။ လူအချို့ကလည်း ခန့်မှန်းရခက်သော ပဟေဋ္ဌိဖြေဆိုသူများနားတွင် ၀ိုင်းအုံနေကြသလို မီးပုံးများအနိုင်ရသွားသူများလဲ ရှိသည်။

"ဟိုမှာ...... မီးတန်းလွှတ်နေတယ်" Lin Xiaoya က Cheng Yan ပခုံးပေါ်တွင် စိတ်လှုပ်ရှားစွာနှင့် လက်ခုပ်လက်ဝါးတီးကာ ညာဘက်ကိုလဲ လက်ညိုးညွှန်လိုက်သေးသည်။

"ဘယ်မှာလဲ.. ငါလဲ မြင်ချင်တယ်" အဲဒါကို ကြားသည်နှင့် Lin Xing ၏ မျက်လုံးများတောက်သွားသည်။ Lin Mo ကို စကားတစ်ခွန်းပြောပြီးသည်နှင့် အဆိုပါ ဘက်ကို ပြေးသွားတော့သည်။ အစောပိုင်းက ပြောထားသည်က အနားတွင် ပြေးလွှားခြင်းမပြုရန်ပြောထားသည်။

"???... ခဏနေဦး...." သို့သော် Lin Mo ပြောလို့မပြီးသေးခင် Lin Xing က ပြေးထွက်သွားပြီး ဖြစ်သည်။

Cheng Yan က Lin Mo ကို ကြည့်ကာ ပြောလိုက်သည် "သွားပြီး ကြည့်ကြည့်ရအောင်"

"ဒါဆိုလဲ မြန်မြန် A-Xing လူအုပ်ထဲ ပျောက်သွားမှာ စိုးလို့" Lin Mo မျက်မှောင် ကြုပ်နေပြီ။

လမ်းပေါ်တွင် လူအများအပြားရှိရာ သူစိမ်းများနှင့် ပခုံးချင်းထိတောင် ထိစပ်တော့လောက်အထိ ကို များလှသည်။ သူတို့အားလုံး အရှေ့ကို ဆက်လျှောက်ရန် အခက်အခဲနည်းနည်းတောင် ရှိသေးသည်။ Lin Xing က လူကြားထဲကို ပြေးလွှားသွားလာရဲသော ကလေးတစ်ယောက်သာ ဖြစ်သည်။ မျှော်လင့်ထားသလိုပဲ Lin Xingက မိသားစုထဲတွင် စိတ်ပူရမည့် နောက်ဆုံးသူပင်။

Lin Xiaonan ၏ အကြည့်တွေက Lin Xing နောက်ကို လိုက်နေသည်။ ဦးလေးငါးက အဝေးကို ပြေးထွက်သွားတာ မြင်တော့ သူဆက်ပြီးတော့ မမြင်ရတော့ပေ။ Lin Xiaonan က "လေးလေးငါး မရှိတော့ဘူး" ဟု အမြန်ပြောလိုက်တော့သည်။

"သမီးတို့ ပဉ္စမဦးလေးကို မတွေ့တော့ဘူး" Xiaoya က မျက်နှာတင်းတင်းလေးနှင့် စတုတ္ထဦးလေး ကို လှည့်ကြည့်လိုက်သည်။

Lin Mo က Xiaoya ခေါင်းလေးကို ထိကာ ပြောလိုက်သည် "ရပါတယ် လေးလေးတို့ ရှာရမှာပေါ့"

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationМесто, где живут истории. Откройте их для себя