56 Peach Blossoms

6.7K 1.3K 60
                                    

Chapter 56: Peach Blossoms

အခန်း ၅၆ မက်မွန်ပန်းပွင့်များ

Lin Mo က မနက်အစောကြီး ပစ္စည်းတွေ စတင်ထုပ်ပိုးနေသည်။ သို့သော် သူ့ဘာသာသူတော့ လုပ်ကိုင်စရာ မလို။ သူက အစေခံများကို အမိန့်ပေးရုံသာ။

“ဒုတိယအစ်ကို၊ တကယ် ကျွန်တော်တို့နဲ့ မလိုက်ဘူးလား” Lin Mo က ထပ်မေးသည်။

“ဒုတိယအစ်ကိုက စံအိမ်ထဲမှာပဲ စာအုပ်တွေ ဖတ်မလို့။ သွားပျော်ခဲ့။ အ၀တ်အစား များများဝတ်ဖို့ သတိရဦးနော်။ အအေးမမိစေနဲ့” Lin Xiu က သူ့ကို ကြည့်ကာ နူးနူးညံ့ညံ့ပြုံးပြနေသော်လည်း အနည်းငယ်တော့ စိတ်မသက်မသာ ဖြစ်နေသေးသည်။

အကြင်ခင်ပွန်းနှစ်ယောက် အပြင်ထွက်လည်ကြတာ သူက မလိုက်ချင်ပေ။

“စာဖတ်မလို့လား။ အင်းလေ ဒုတိယအစ်ကို အတန်းဖော်တွေနဲ့ စကားသွားပြောချင်တယ်ဆိုရင် ကိုယ်ရံတော်တွေ ခေါ်သွားနော်” အမတ်ချုပ်ကြီး၏ ပြဿနာက မဖြေရှင်းရသေး။ Lin Mo က မသေချာသေးတာမို့ လိုလိုမယ်မယ် ကိုယ်ရံတော်တွေ ခေါ်သွားစေချင်သည်။

“Momoရေ အသင့်ဖြစ်ပြီလား” Cheng Yan အဝေးကနေ ရောက်လာကာ မေးလိုက်သည်။

“Cheng Yan ခေါ်နေပြီ။ သွားတော့ ကောင်းကောင်းပျော်ခဲ့နော်” 

“အင်း ” Lin Mo ခေါင်းညိမ့်ကာ Cheng Yan ဖက်ကို လှည့်သွားသည်။

Cheng Yan က Lin Mo လျှောက်လာတာကို ရပ်စောင့်နေသည်။ သူ့လက်ထဲက ခြုံထည်ကို ၀တ်ပေးကာ “အစ်ကိုက မသွားချင်ဘူးတဲ့လား”

“ဒုတိယအစ်ကို သူ စာဖတ်မလို့ မသွားချင်ဘူး ပြောတယ်။ ဒါနဲ့ A-Yuan ကော သွားမှာလား” Lin Mo က သူ့လက်ကို Cheng Yan လက်ပေါ်တင်ကာ လမ်းလျှောက်ရင်း မေးလိုက်သည်။

“သူက နန်းတော်ထဲမှာ အရမ်းပျင်နေပြီလေ သူ့ကိုလဲ သွားခွင့်ပေးဖို့ ကို့ကို ပြောနေတာ ကြာလှပြီ” Cheng Yan ပြောလိုက်သည်။

“A-Yun က ကို့အပေါ် အရမ်းမှီခိုတာပဲနော်”

“အင်း သူ အနိုင်ကျင့်ခံရတုန်းကလည်း ကို့ဆီပဲ ငိုပြီးလာတာ။ အင်ပါယာအစ်ကိုတော်နဲ့ ယှဉ်ရင် သိသိသာသာကို ကို့ကို ပဲ ပိုရှာတယ်……”

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationKde žijí příběhy. Začni objevovat