45 Falling Asleep (Z & U)

7.5K 1.4K 41
                                    

Chapter 45: Falling Asleep

အခန်း ၄၅ အိပ်မောကျခြင်း

လှည်းအိမ်ထဲတွင် လ၀က်လောက် နေခဲ့ရပြီးနောက် Cheng Yan နောက်ဆုံးတော့ အင်ပါယာမြို့တော်ကို ပြန်ရောက်လာပြီ။ လှည်းအိမ်ကလည်း Cheng Yan၏ စံအိမ်တံခါးဝတွင် ရပ်တန့်သွားသည်။ လှည်းအိမ်အပြင်ဘက်မှ အသံတစ်သံ ထွက်လာကာ “သခင် ကျွန်တော်မျိုးတို့ စံအိမ်တော်ရောက်ပါပြီ”

Cheng Yan နိုးလာကာ အကျင့်အတိုင်းပင် သူ့လက်မောင်းထဲက လူကိုငုံကြည့်လိုက်တော့ Lin Mo မနိုးသေးတာ မြင်ရတော့ သူ့နှလုံးသားက ချက်ချင်း ပျောက်ဆုံးသွားပြန်သည်။ Cheng Yan Lin Mo ကို သူ့လက်မောင်းထဲ ပွေ့ကာ ထွက်လာပြီးတော့ အေးတိအေးစက်အသံဖြင့် “တတိယအရိပ် ဆယ့်ငါးမိနစ်နဲ့ အရောက်ပြန်လာခဲ့”

“ဟုတ်ကဲ့သခင်” နောက်ထပ် အရိပ်အစောင့်တစ်ယောက် ချက်ချင်း လှည်းဘေးနား ပေါ်လာသည် ပြီတော့ တတိယအရိပ်က သူ့အမိန့်ကို ခံကာ ပျောက်ကွယ်သွားသည်။

Lin Mo ကို ခြုံထည်အထူတစ်ထည်နှင့် ပတ်ကာ Cheng Yan နန်းတော်ထဲကို ခေါ်လာခဲ့သည်။ မင်းသား ယနေ့ပြန်လာမည်ဟု အရိပ်အစောင့်များ၏ သတင်းပေးချက်ကို ရရှိထားသော အိမ်တော်ထိန်းက မနက်ထဲက တံခါးနားတွင် စောင့်မျှော်နေသည်။ မင်းသားပေါ်လာသည်ကို မြင်သည်နှင့် အိမ်တော်ထိန်းအိုကြီး၏ မျက်လုံးများက ချက်ချင်း နီလာသည်။ အိမ်တော်ထိန်းကြီးက အလျင်စလိုအရှေ့ထွက်လာကာ “အရှင်..”

“ဦးလေးFu …………ရေနွေး ပြင်ထားပေး” 

Cheng Yan က သူနှင့် သူ့ညီအစ်ကိုများကို ကြည့်ရှုစောင့်ရှောက်ခဲ့သော ဦးလေးFu ကိုတော့ ကောင်းမွန်သော သဘောထား ရှိသော်လည်း အခုလောလောဆယ်တော့ အလွမ်းသယ်နေဖို့ စိတ်မရှိသေးပေ။ သူ က သူ့ခင်ပွန်းကို ပွေ့ခေါ်ကာ သူ့အိပ်ခန်းဆီသို့ အမြန်လမ်းလျှောက် သွားလိုက်သည်။

ဦးလေးFu က သခင် ဒီလောက် အမြန် ထွက်သွားနေတာ မြင်လိုက်သည်။ သူက စိတ်ရှုပ်သွားသည်။ အရိပ်အစောင့် ခေါင်းဆောင် သူ့ရှေ့က ပျောက်သွားချင်နေတာ မြင်တော့ သူ့ကို လှမ်းခေါ်လိုက်သည် “ပထမအရိပ် စောင့်ပါဦး…”

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationOù les histoires vivent. Découvrez maintenant