39 Cheng Yan's Memory ( Z & U)

8.1K 1.4K 20
                                    

Chapter39: Cheng Yan's Memory

အခန်း ၃၉ Cheng Yan မှတ်ဥာဏ်

သူတို့တွေ ရေခဲမီးအိမ်များနှင့် အိမ်ပြန်ရောက်တော့ ကျန်မိသားစုများ မအိပ်ကြသေးပေ။ Lin Mo က ရေခဲမီးအိမ်ကို ခြံဝန်းထဲတွင် ထားလိုက်သည်။ ရေမိုးချိုး အ၀တ်အစားလဲပြီးတော့ Cheng Yan နှင့် Lin Mo တို့ အိပ်ယာထဲ လှဲကြသည်။ ဒီနေ့မနက်က သူတို့တွေ တစ်နေ့ခင်းလုံး အိပ်ထားသဖြင့် Lin Mo က အခုတော့ မအိပ်ချင်သေးပေ။

မီးမှိတ်ပြီးတော့ Lin Mo ကို ဖက်ကာ Cheng Yan အိပ်ယာထဲမှာ လှဲနေပြီးတော့ နှစ်ယောက်သား အသံတိုးတိုးနှင့် စကားတွေ ပြေကြသည်။ အကြာကြီး စကားပြောပြီးတော့ Cheng Yan သူ့အရင်အိမ်မက်များနှင့် ပြန်လည်သတိရလာသော မှတ်ဥာဏ်အပိုင်းအစများကို သူ့စိတ်ထဲ ဖျတ်ခနဲ ပေါ်လာသည်။ Cheng Yan က အကြာကြီး တုန့်ဆိုင်းနေပြီး အဆုံးကျမှပဲ Lin Mo ကို အဲဒိအကြောင်းတွေ ပြောပြဖို့ ဆုံးဖြတ်ချက် ကျသွားသည်။

"Momo... ကိုယ်အရင်က ပြောတယ်မလား ကိုယ့်မှာ အတိတ်က မှတ်ဥာဏ်တွေမရှိဘူးဆိုတာလေ...."

"အင်း ပြောဖူးတယ်လေ ဘာဖြစ်လို့လဲ" Lin Mo က သာမာန်ပဲ မေးလိုက်သည်။

"သိပ်မကြာသေးခင်တုန်းက ကိုယ် မှတ်ဥာဏ်အချို့ ပြန်ရလာတယ်"

Lin Mo အဲဒါကို ကြားလိုက်တော့ သူကြောင်သွားကာ တောင့်တင်းသွားသည်။ သူ့ရဲ့ မှိတ်ထားတဲ့ မျက်လုံးများက ရှုပ်ထွေးလှသော စိတ်ခံစားချက်များစွာ ဖျတ်ခနဲ လက်သွားသည်။ အခန်းက မှောင်နေသည် ထို့အပြင် Lin Mo က သူ့ရင်ဘတ်မှာ မျက်နှာအပ် ထားရာ Cheng Yan လည်း အဲဒါကို သတိမထားမိပေ။

"အင်း.. အဲဒါ.... ဘာတွေ မှတ်မိပြီလဲ? ဥပမာ နာမည် နဲ့ ဘယ်သူဘယ်ဝါဆိုတာမျိုးတွေ" Lin Mo အကြာကြီး တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။

သူ့မှတ်ဥာဏ်အချို့ ပြန်ရပြီ? Cheng Yan က အရင်က သူ့ပုံစံအတိုင်း ပြန်ဖြစ်မှာလား အခုလက်ရှိပုံစံမဟုတ်ပဲနဲ့လေ? သူအခု သူ့ကို အလိုလိုက်သလိုကော အလိုလိုက်ပါ့မလား? သူ့အရင်မှတ်ဥာဏ်တွေ နဲ့ အခုကြားက ဖြစ်ပျက်ခဲ့သမျှကော သူရုတ်တရတ် မေ့သွားနိုင်လား? Lin Mo၏ ဦးနှောက်ထဲမှာ ဒီမှန်းဆမှုများက ရုတ်တရတ်ပြည့်လာသဖြင့် သူ့ကို ခေါင်းတောင် ကိုက်သွားစေသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWhere stories live. Discover now