42 On the Way (Z & U)

7.4K 1.2K 15
                                    

Chapter 42: On the Way

အခန်း ၄၂ လမ်းခရီး 

Mulin ပြည်နယ်က တိုင်းပြည်ထဲက ပြည်နယ်တွေထဲမှာ အစွန်အဖျားအကျဆုံးဖြစ်သည်။ အနီးဆုံးပြည်နယ်မှာလည်း သူတိုကစာမေးပွဲဖြေရန် သွားရာလမ်းတွင် ပထမဆုံး ဖြတ်သန်းရမည့် ပြည်နယ်ဖြစ်သည်။ Dean ကျောင်းတော်ကြီးက သူ့တို့ ကျောင်းသားတွေ စာမေးပွဲ သွားဖြေရာ လမ်းတွင် မတော်တဆတစ်ခုခု တွေ့မှာ မျိုး မလိုချင်ပေ။ ဒီတော့ သူတို့ကလည်း ပြင်ဆင်မှု အနည်းငယ် လုပ်ထားသည်။

Cheng Yan က Lin Xiu ပြောသော နေရာကို လှည်းမောင်းလာသည်။ သူတို့ ရောက်တော့ အဲဒိမှာ ရပ်ထားသော လှည်းအိမ်များစွာကိုတွေ့သည်။ အဲဒိမှာ ဓါးရှည်များနှင့် အနားကို စောင့်ကြပ်နေသော အစောင့်တစ်ဖွဲ့လည်း ရှိသည်။ Cheng Yan က သူတို့ကို တစ်ချက်ကြည့်ပြီး လှည်းက အရှိန်ကို နှေးချလိုက်သည်။

ထိုအစောင့်များက အစွမ်းအချို့တော့ ရှိပုံရကာ အပြင်ပန်းက သန်မာပြီးအထဲမှာ အားနည်းလှသော Mulinပြည်နယ်က Yamenအဖွဲ့က ခေါင်းဆောင်အချို့လိုတော့ မဟုတ်ပေ။ ကြည့်ရတာ Dean ကျောင်းက နောက်ခံအချို့တော့ ရှိပုံပင်။

အပြင်မှာ လူ ခြောက်ယောက် ခုနစ်ယောက်လောက်ရှိကာ အချို့က မတ်တပ်ရပ်နေကာ အချို့က လှည်းကို မှီနေပြီး လှည်းအောက်ကို ငုံကြည့်နေကြသည်။ အကယ်လို့ ဒီလူတွေကသာ ကျောင်းတော်က လူတွေသာ ဆိုလျှင် ဒီလူတွေက Mulin ပြည်နယ်၏ အတော်ဆုံးပါရမီအရှိဆုံး လူတွေဟု Cheng Yan ပြောရလိမ့်မည်။ ပြီးတော့ ကျောင်းတော်တစ်ခုက စာမေးပွဲအတွက် လူတွေ ဒီလောက်အများကြီး ပျိုးထောင်နိုင်သည်။ Dean ကျောင်းတော်က သူတို့ကို သူတို့ဘာသာ ဦးဆောင် ခေါ်သွားနိုင်တာ အံသြစရာပင် မရှိပေ။

မတ်တပ်ရပ်နေသော အစောင့်များက လှည်းအိမ်တစ်စီး လာနေတာ မြင်ကြသည်။ သူတို့က ဘေးဘီကိုလဲ ကြည့်ကြသည်။ အတွင်းအားရှိသော အစောင့် အချို့က လှည်းမောင်းလာသောသူက သိသာထင်ရှားစွာ အားကောင်းသန်မာလှတာကို မြင်ကြသည်။ သူတို့မျက်လုံးတွေက မှေးကျဉ်းသွားကာ သူတို့ ခန္ဒာကိုယ်က တောင့်တင်းသွားကြသည်။

အငြိမ်းစားဘဝ- အငြိမ်းစားဘဝmyanmar translationWo Geschichten leben. Entdecke jetzt