အပိုချပ်​(၂.၁)/အပိုခပျြ(၂.၁)

Start from the beginning
                                    

ဝမ်​ကျို့ရဲ့ လက်​ဖျားခါရ​လောက်​တဲ့အချစ်​ကြီးမှု​ကြောင့်​သာ မဟုတ်​ရင်​, ​သူ့ရဲ့ရက်​စက်​တဲ့​ဒေါသအရှိန်​နဲ့သာဆို, အဲ့ဒီ ကိုယ့်​အ​ပေါ်ကို ​စောက်​ရမ်းအိုဗာတင်းဖြစ်​​နေတဲ့ အိုမီဂါ​တွေကို သူသွားဆွဲ​ခေါ်ပြီးလို့ သူတို့ကို ​မြေ​ပေါ်ကို ကိုင်​​ပေါက်​ချလိုက်​ပြီးပြီ။

ဒီ​နေ့ဆို, သူ ကုမ္ပဏီထဲက ထွက်​လိုက်​တာနဲ့, အပြင်​မှာ​​စောင့်​​နေတဲ့ သူ့အယ်​လ်​ဖာကို ​ရှောင်​ယဲ့​တွေ့လိုက်​သည်​။

ပြီးခဲ့တဲ့နှစ်​​တွေမှာ, ဝမ်​ကျို့အရပ်​က စင်​တီမီတာအနည်းငယ်​ပိုပြီးရှည်​ထွက်​လာခဲ့တယ်​, အဲ့ဒါ​ကြောင့်​ ဝမ်​ကျို့ပုံပန်းသွင်​ပြင်​က ပိုပြီး​တော့​တောင်​အရပ်​ရှည်​လာပြီး ပိုပြီး​ပေါ်လွင်​လာရုံသာမက, သူ့ရဲ့ပင်​ကိုစရိုက်​က​လည်း အ​တော်​ရင့်​ကျက်​လာခဲ့သည်​။ အခု​လော​လောဆယ်​မှာ, ဝမ်​ကျိုက ​လေကာအင်္ကျီဂျက်​ကပ်​အရှည်​ကိုဝတ်​ဆင်​ထားပြီး အရာအားလုံးက ​သေ​သေသပ်​သပ်​ပင်​။ ငယ်​ရွယ်​မှု​တွေက ဝမ်​ကျို့မျက်​နှာထက်​မှာ လုံးဝ​လွင့်​ပယ်သွားခဲ့တာ​ကြောင့်​ သူ့မျက်​နှာအသွင်​အပြင်​က ​လေးနက်​ပြီးကြည့်​​ကောင်းလာကာ သူ့ရဲ့ခြားနားသိသာလှတဲ့ မျက်​လုံး​တွေက အရင်​ကထက်​​တောင်​ ပိုပြီး​တော့နှစ်​လိုဖွယ်​​ကောင်းလာပြီး ဖမ်းစားမှုအပြည့်​ဖြစ်​လာခဲ့သည်​။ လူအုပ်​ထဲမှာဆို, ဝမ်​ကျိုက အထူးသဖြင့်​ကို ​ပေါ်လွင်​ပြီးမြင်​သာရုံသာမက မျက်​စိလည်းဖမ်းစားလွန်းတယ်​။ သို့​ပေ​မဲ့လည်း, သူ မပြုံးတဲ့အချိန်​ဆို, လူ​တွေကို အံ့သြတကြီးနဲ့ ​နောက်​တစ်​ကြိမ်​လှည့်​ကြည့်​ရ​လောက်​​အောင်​ အကြင်​နာမဲ့ပြီး ခြယ်​လှယ်​လွန်းတဲ့ ဥက္ကဋ္ဌ တစ်​​ယောက်​ရဲ့အရှိန်​အဝါမျိုး​တွေ ထုတ်​လွှတ်​​နေ​လေရဲ့။

သူ ​ရှောင်​ယဲ့ကို​တွေ့သွားတာနဲ့ သွား​ပေါ်တဲ့အထိပြုံးရယ်​လိုက်​တာ​ကြောင့်​ သူ့ရဲ့အဲ့ဒီ့ပုံရိပ်​က လုံးဝကိုပျက်​စီးသွား​သည်​။

"​ရှောင်​ယဲ့! ဒီမှာ!"

ကျန့်​​ရှောင်​ယဲ့ : "......"

ရှောင်ဝမ်လေးတို့ရဲ့အချစ်ပုံပြင် [ မြန်မာဘာသာပြန် ]Where stories live. Discover now