Update Info!

3.3K 167 17
                                    

အဟမ်း ​ပြောစရာရှိလို့ပါ၊ ​ကြေငြာစရာ​လို့​ပြောသင့်​တယ်​ ထင်​တယ်​၊ လာလာ​မေးကြတယ်​၊ wz မှာမတင်​​တော့ဘူးလားဆိုပြီး ခဏခဏပဲ၊ ပထမ​တော့မ​ပြောဘဲ ​နေမလို့ပါ၊ အခုအမှန်​အတိုင်းပဲ​ပြောပါမယ်​၊ wz မှာ စာစတင်​တာက 2019 , May အကုန်​ June အစမှာ​ပေါ့၊ ကိုယ့်​အခန်း​တွေကို wz မှာ စာလုံး​ရေးနည်းတယ်​ဆိုလို့ 2ခန်းကို 1ခန်းလုပ်​ပြီး တင်​ခိုင်း​တော့တင်​​ပေးလိုက်​တယ်​​ပေါ့၊ အခန်းအ​ရေအတွက်​က wattpad မှာရှိ​နေတဲ့အ​ရေအတွက်​နဲ့အတူတူပါပဲ၊ ဆက်​​ပြောရမယ်ဆိုရင်​ ကိုယ့်​ရဲ့စာအုပ်​က wz မှာ သိုင်းဝတ္ထု​တွေ​လောက်​ ဝယ်​ဖတ်​တဲ့သူမများဘူး၊ မများမှန်းလဲကိုယ်​သိတယ်​၊ အဲ့​တော့ သူတို့ကို Free ​လေးပဲ တင်​လို့ရမလားဆို​တော့ သူတို့က သူတို့အတွက်​အဆင်​မ​ပြေဘူးဆို​တဲ့(အခု​တော့ အဲ့လို့ရမရမသိပါဘူး)။ ​အော်​ အဲ့ဒါဆိုလည်းဆက်​​ရောင်း​ပေါ့။ တစ်​ခန်း 300 နဲ့​ပေါ့၊ အဲ့လို့နဲ့​ရောင်းလာတယ်​​ပေါ့။ သူတို့က income list ​တော့ပြတယ်​ဗျ၊ စာမှန်​မှန်​တင်​ဖို့လည်း ဖုန်း​တွေတဂွမ်​ဂွမ်​ဆက်​တယ်​ဗျ၊ but ကိုယ့်​ဆီ​ငွေမ​ရောက်​ဘူး​ပေါ့​နော်​။ အဲ့ဒါကတစ်​လလည်းမဟုတ်​ နှစ်​လလည်းမဟုတ်​၊ ကိုTZ က​တော့ ​ပြောရှာပါ​တယ်​။ ညီမစာက ဝယ်​ဖတ်​တဲ့သူနည်း​တော့ တစ်​​ယောက်​ပဲဖတ်​ရင်​ 300 ကို wz တဝက်​၊ ကိုယ်​တဝက်​ယူရ​တော့၊ နည်းလို့ပို့ရတာအဆင်​မ​ပြေလို့ပါတဲ့။ ဒါနဲ့ကိုယ်​လည်း ​အော်​ ဘဏ်​တိုး​တွေ​တောင်​ ​ခြောက်​လ၊ တစ်​နှစ်​တန်​ရင်​များလာ​သေးတာပဲဆိုပြီး အနည်းဆုံး 500 ရရ၊ 1000 ရရ​ပေါ့ဆိုပြီး ဘာမှမ​ပြောဘဲ ဆက်​ပို့ပါ​သေးတယ်​။ ​ခြောက်​လကြာ​တဲ့ထိ ဘာမှလည်းမလာဆို​တော့ ကိုယ်​လဲစိတ်​​ပေါက်​လာတယ်​။ အဲ့ဒါနဲ့မတင်​ဘဲ၊ ခဏနားလိုက်​တယ်​​ပေါ့။ income list မ​ပြောနဲ့၊ ဖုန်း​တောင်​မလာဘူး။ အဲ့​တော့ကိုယ်​​ရေးထားတာ​တွေက Free လိုဖြစ်​လို့။ အခု 2020 ထဲဝင်​လာတဲ့အထိ ကိုယ့်​စာအုပ်​ကို ဝယ်​ဖတ်​တဲ့သူ​တွေ ရှိ​နေ​သေးလား​တော့မသိ​ပေမယ့်​၊ ကိုယ်​မှာ income money မရှိ​သေးဘူး၊ paid gp ​ထောင်​မယ်​ခဏခဏ​ ကိုယ်​​ပြောပါတယ်​၊ ဘုရားစူးရယ်​ အဲ့ paid gp က ပါးစပ်​ကပဲ​ပြောဖြစ်​တာ အခုထိမလုပ်​ဖြစ်​ဘူး၊ gp ထဲကို ဝင်​ထားတဲ့သူ​တွေရှိပါတယ်​။ သူတို့​တွေဆိုသိတယ်​၊ အဲ့ gp active မဖြစ်​တာဘယ်​​လောက်​ကြာပြီလဲဆိုတာ။ အဲ့​တော့​လေ "ဖူးစာတို့ဆုံစည်းရာဝယ်​(ယခင်​အမည်​-သားတစ်​​ယောက်​ဆို အ​ဖေလိုက်​ပွဲ) ကို Free ပဲတင်​ပါ​တော့တယ်​။ wattpad နဲ့  page မှာပဲ တင်​ပါတယ်​၊ တခြားဘယ်​မှာမှမတင်​​တော့ပါဘူး။ ဒီစာအုပ်​ကို non-commercial အဖြစ်​​ပြောင်းလိုက်​ပါပြီ။ wz မှာ ဝယ်​ဖတ်​စရာမလို​တော့ပါဘူး။ ဝယ်​ဖတ်​ပြီးတဲ့သူများ(တစ်​​ယောက်​ဖြစ်​ဖြစ်​၊နှစ်​​ယောက်​ဖြစ်​ဖြစ်​) အတွက်​လည်း စိတ်​မ​ကောင်းဖြစ်​မိ​ပေမယ့်​ ​နောက်​​တော့ wattpad နဲ့ ဒီမှာပဲလာဖတ်​ဖို့​ပြောချင်​ပါတယ်​။ အဲ့​တော့ ကိုယ်​ wz မှာ မတင်​​တော့ဘူးလားဆိုတာကို လာမ​မေးဖို့ ​မေတ္တာရပ်​ခံချင်​ပါတယ်​။
သီတင်းကျွတ်​မှာ ကိုယ့်​ရဲ့ ဗီတာမင်​​လေး​တွေအားလုံး စီးပွား​ရေး၊လူမှု​ရေးကိစ္စအဝဝအားလုံး အဆင်​​ပြေ​ချောမွတ်​ကြပါ​စေ၊ ကျန်းမာလို့ချမ်းသာကြပါ​စေ​နော်​ 🙏  💕

(P.s - ညကျရင်​ အပိုင်းအသစ်​တင်​​ပေးပါမယ်​​နော်​)

🎉 You've finished reading သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only 🎉
သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now