အခန်း(၁) ခုနှစ်​လကိုယ်​ဝန်

23.6K 1.1K 24
                                    

သူမရဲ့ခန္ဓာကိုယ်​ဟာ မီး​တောင်​ထဲက ​ချော်​ရည်​​တွေလို ပူပြင်း​တောက်​​လောင်​​နေသည်​။ သူမ​ရှေ့က ထိုလူသာလျှင်​ အခုချိန်​မှာ သူမကို ကယ်​တင်​နိုင်​လိမ့်​မည်​။

သူ့ရဲ့စကျင်​​ကျောက်​သား(marble) ကဲ့သို့​ ​အေးစက်​မာ​ကျော​နေတဲ့ အသားအ​ရေကို တွယ်​ဖက်​ထားမိသည်​။ သူမဒီ​နေရာက အသက်​ရှင်​လျက်​ထွက်​သွားနိုင်​ဖို့ဆိုရင်​ သူမကိုယ်​သူမ အရှုံး​ပေးလိုက်​ရုံကလွဲပြီး တခြား​ရွေးချယ်​စရာမရှိ​လေဘူး။

နာကျင်​မှု​တွေ အဆုံးသတ်​သွားပြီး​နောက်​ သူမစိတ်​ထဲမှာ မီးရှုးမီးပန်း​များ ​ပေါက်​ကွဲထွက်​​နေသလိုသာယာဖွယ်​​ကောင်းတဲ့ ကြည်​နူးမှု​တွေကို စတင်​ခံစားလာရ၏။ သူမက မီးပင်​လယ်​ထဲမှာ လွတ်​​မြောက်​မှုမရှိ ထပ်​ဖန်​တလဲလဲစီး​မျော​နေသလို တိမ်​စိုင်​​နေထဲမှာပဲ ပျံသန်း​နေရသလို ခံစားမိ​နေသည်​။

"​ဟေး! ထထ ... အဲကွန်း​အောက်​က ​အေးတယ်​. ဒီမှာမအိပ်​နဲ့​လေ၊ မင်း အ​အေးမိသွားမယ်​​နော်​ -"

သူမပခုံး​ပေါ်က​ လေးလံမှု​ကြောင့်​ နန်​ရှီ နိုးလာသည်​။ သူမမျက်​လုံးဖွင့်​ဖွင့်​ချင်း ဘယ်​​နေရာ​ရောက်​မှန်း စဉ်းစားမရဖြစ်​​နေမိသည်​။ သူမမျက်​စိ​ရှေ့မှာ ရပ်​​နေတဲ့ သူနာပြုတစ်​​ယောက်​ကို ​တွေ့လိုက်​ရ၏။ သူနာပြုရဲ့ စူးစမ်းတဲ့ အကြည့်​​တွေ​အောက်​မှာ သူမ အနည်းငယ်​ မျက်​နှာပူမိသွားသည်​။ သူမရဲ့မျက်​နှာ​လေး​ပေါ်ဝယ်​ အနီ​ရောင်​တို့ ဖြတ်​သန်းသွား၏။

ကျစ်​ ... တကယ်​​တော့ ဒီကိစ္စ​တွေက ​တော်​​တော်​ကြာ​ညောင်းခဲ့ပါပြီ။ မီး​ရောင်​​တွေစုံလင်​တဲ့ ညတစ်​ညမှာ သူမအ​တော်​က​လေး မူး​နေခဲ့ပြီး​တော့ သူမက ဆုယန်နဲ့အတူ ပူ​နွေးတဲ့ညတစ်​ခုကို ဖြတ်​သန်း​နေမိခဲ့သည်​။ ထိုအ​ကြောင်း​တွေအားလည်း မကြာခဏဆိုသလို သူမ အိပ်​မက်​မက်​​လေ့ရှိခဲ့သည်​။

အရက်​ရှိန်​​ကြောင့်​ သတိလွတ်​ထွက်​​နေတဲ့​ကျေးဇူးအရ ... အဲ့ဒီညတုန်းက မှတ်​ဥာဏ်​​တွေဟာ သူမ​ခေါင်းထဲမှာ သိပ်​မရှိခဲ့ဖူးရယ်​၊ အဲ့လိုမှမဟုတ်​ရင်​ ယန်​​ကော​ကောနဲ့ ဘယ်​လိုမျက်​နှာချင်းဆိုင်​ရမလဲ​တောင်​ မသိ​တော့ပါဘူး။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now