အခန်း(၉၁) တန်​ပြန်​ထိုးစစ်

5.6K 893 27
                                    

ထိုဦး​နှောက်​မရှိသည့်​ အရူးမ​ကြောင့်​ နန်​ရွှယ်​လျို ​ဒေါသထွက်​ရ၍ မြန်​မြန်​အသက်​တိုပါလိမ့်​မည်​။ "နင်​မမြင်​ဖူးလား ... ဟိုမှာ အခုလိုပုံစံ​ကြောင့်​ လူ​တွေ သူ့ကို သနား​နေကြပြီ​လေ. နင့်​​​ခေါင်း​ပေါ် တက်​ထိုင်​​ခွင့်​​ပေး​တော့ မလို့လား ... နင့်​မုရယ်​​ကော​ကောနဲ့ သူ့ကို အတူရှိ​နေ​စေ​တော့မှာလား??"

ကျာ့ချင်းချင်းသည်​ ခဏ​လောက်​ ​တွေ,သွားပြီးမှ၊ အ​လောစလျင်​ ငြင်းဆိုလိုက်​သည်​။ "မသိဖူး ... ဘာပဲဖစ်​ဖစ်​ ... ကျမမလုပ်​နိုင်​ဖူး! အဲ့ဂန်းမကို သွား​တောင်းပန်​ခိုင်းတာ ... ညီမကို သွား​သေခိုင်းသလိုပဲ!"

ဒီလိုမ​တော်​တဆ အ​သေးအဖွဲ​လေး​တွေက ဘာသက်​​ရောက်​မှု​တွေ ရှိလာမှာမို့လဲ? ​နောက်​မှ အဲ့သည့်​ပါးစပ်​​ပေါက်​​တွေကို အ​နောက်​က​နေ လက်​​ဆောင်​နဲ့ လာဘ်​သိပ်​ထိုးလိုက်​ရင်​ ရ​နေတာကို!

ဒီထက်​ပိုပြီိး ​ဖျောင်းဖျလို့မရ​တော့မှ​တော့ ... နန်ရွှယ်​လျိုလည်း သူမ အခုကစ ဒီထက်​ပိုပြီး အမှား​တွေထပ်​မလုပ်​ဖို့ ဆု​တောင်း​နေရုံပဲ တတ်​နိုင်​ပါ​တော့သည်​။

ဒီဥစ္စာက နန်​ရှီနာမည်​သတင်းကို လုံးဝဥဿုံ ပျက်​သုန်း သွား​စေမယ့်​ဟာကို။ သူမ ဘယ်​လို​တွေပဲ လျို့ဝှက်​ကြံစည်​ ကြံစည်​ ... ဒီလို လှည့်​ကွက်​​သေး​သေး​လေး​တွေနဲ့ပဲ သူမမှာပြီးသွားရသည်​။ ဘယ်​လို​တွေ​တောင်​ က​ပြောင်းကပြန်​​တွေ ဖြစ်​ကုန်​ရတာလဲ?

ထားပါ​တော့​လေ ... သူမ၏ ဘယ်​ကမှန်းဘယ်​သူမှန်းမသိသည့်​ စပွန်​ဆာက သူမကို မကြာခင်​စွန့်​ပစ်​​တော့မှာပဲကို — ဘယ်​လိုလူမျိုးကများ ဒီလို​နောက်​​ကြောင်းမရှင်းမရှင်း သူ့ကိုချူ စားသည့်​ ချစ်​သူမျိုးကို လိုချင်​​နေအုံးပါ့မလဲ?

(K/N - ဟဟပဲ အယ်​မ)

ဒီလို​တွေးမိပြန်​​တော့ ... နန်ရွှယ်​လျို  အနည်းငယ်​မျှ စိ​တ်ေ​အးသွား၏။ 

နောက်​ဆုံး​တော့လည်း ​ကော့ချီရှန်းပဲ ရန်​မီးပွှားတို့ကို ငြိမ်းသတ်​​ပေးရ​တော့သည်​၊ သူတို့​တွေ ၎င်းအခန်းကို ပြန်​မပြင်​ဖို့ ဆုံးဖြတ်​လိုက်​သည်​။ သူတို့​တွေ နန်​ရှီ၏ ပါးရိုက်​ခံရပြီး ​သွေး​တွေ ထွက်​လာတဲ့ အပိုင်းအစ​လေးကို သုံးရမည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now