"ဒါပထမဆုံးအကြိမ် ရတနာလေးက ပုံတူပန်းချီဆွဲပေးတာပဲ" , လုထင်းရှောင်က နန်ရှီ့လက်ထဲမှာ ကိုင်ထားတဲ့ပန်းချီကို သတိပြုမိပြီး လှမ်းကြည့်ရင်းပြောလိုက်သည်။
"တကယ်လား? ဂုဏ်ယူစရာပဲပေါ့!" နန်ရှီ ကျေနပ်မိ၏။
"ဒီနေ့လည်စာကို မင်းဘာစားချင်လဲ?" လုထင်းရှောင် မေးသည်။
ဒီမှာနေရတာ သူမအတွက်တော့ နေစရိတ်၊ စားစရိတ် ကာမိစေသည်။
နန်ရှီ ပြန်ဖြေဖို့ လုပ်လိုက်စဉ်မှာပင် သူမဆဲလ်ဖုန်းက ရုတ်တရက်ကြီးထမြည်လာ၏။
# ချန်းလီ ခေါ်တာပဲ #
အခြားသာမန်ဇာတ်ကားတစ်ခုကို သူမအတွက် စီစဉ်ပေးတော့မလို့များလား?
"ဟယ်လို...အစ်မချန်းလီ"
"နန်ရှီ .... <The World> အတွက် ဖွင့်ပွဲအခမ်းအနားက နေ့လည် Pearl Hotel မှာကျင်းပလိမ့်မယ်. နောက်မကျစေနဲ့"
"ဘာ? နေ့လည်? ဒီနေ့ နေ့လည်လား?"
"ဟုတ်တယ်...ဒီနေ့"
"အစ်မချန်း ... ဘာလို့ ကျွန်မကို စောစောမပြောတာလဲ? အခုပဲ 11ထိုးတော့မယ်လေ!"
"စောစောဆိုတာဘာလဲ? ငါ နင့်ကို အခုပဲ 1နာရီစောပြောတယ်မလား?"
"အဲ့ကိုသွားဖို့ ကျွန်မအတွက် 1နာရီနဲ့မရဘူးလေ ... ရှင်းပြနေစရာတောင်မလိုဘူး...၊ ကျွန်မ မိတ်ကပ်ပြင်ဖို့နဲ့ အဝတ်အစားဝတ်ဖို့ အချိန်လိုသေးတယ်လေ. . ."
"ဒါက နင့်ကိစ္စပဲ ... ငါ့ကိစ္စ မဟုတ်ဘူးလေ. ငါအလုပ်များနေတယ် ... ဒါပဲ ဖုန်းချလိုက်တော့မယ်"
သူမက ပြောပြီးပြီးချင်းပဲ ... လိုင်းပြတ်သွား၏။
"ချန်း လီ! နင့်ဘိုးအေပဲ ဖာ့ခ်!" နန်ရှီ သူမဖုန်းကို ပစ်ပေါက်လိုက်၏။
ဒီနောက်မှာတော့ တိတ်ဆိတ်သွားတော့တယ်။ နန်ရှီ တောင့်ခဲ သွား၏။
ရတနာလေးလည်း တောင့်ခဲ သွားသည်။
လုထင်းရှောင်လည်း တောင့်ခဲ သွားတော့၏။
YOU ARE READING
သားတစ်ယောက်ဆို...အဖေလိုက်ပွဲ![မြန်မာဘာသာပြန်]အတွဲ၁ Zawgyi Only
Romanceခန္ဓာကိုယ်နဲ့ပြန်လည်အကြွေးဆပ်တဲ့သူ့အဖေ: "ငါ့ကိုလက်ထပ်ပါ" နန်ရှီ: ???!!! ပေါက်စီလေး: *ဝမ်းနည်းနေတဲ့ခွေးပေါက်မျက်လုံး* ??? နန်ရှီ ဟာ နှုတ်ဆိတ်ပြီးနေတဲ့ပေါက်စီလေးရဲ့အိမ်မှာစတင်နေထိုင်ပြီး သူ့ရဲ့အထီးကျန်ကမ္ဘာလေးကိုစွန့်လွှတ...