အခန်း(၆၆) ဒီညအတူရှိ​ပေးမယ်​ဆို

8.5K 1K 66
                                    

ဒီအ​ခြေအ​နေက နန်​ရှီအား မဆိုင်းမတွပင်​ ဂ​ယောင်​​ချောက်​ချက်​​တွေ ဖြစ်​လာ​စေ၏။ သူမ မုရယ်​ကို အသံနိမ့်​ကာ ​​မေးခွန်းထုတ်​လိုက်​မိတယ်​ , "ဒါ ငါ​မေးသင့်​တာပါ​နော်​! နင်​ဘယ်​လိုလုပ်​ လုထင်း​ရှောင်​နဲ့ သိတာလဲ?!"

ကျန်းမုရယ်​ ~ "နင့်​ ​ပြောပြီးပြီ​လေ...ငါ့ ဦး​လေးပါဆို!"

နန်​ရှီ ~ "ဒါဆိုလည်း ဘာလို့များ ငါ့ကို အရင်​ထဲက မ​ပြောရတာလဲ?!"

ကျန်းမုရယ်​ ~ "တခါမှ နင်​မ​မေးဖူး​ဘူး​လေ"

နန်​ရှီ ~ "..."

"နင်​နဲ့ငါ့ဦး​လေးက​ရော ဘယ်​လိုလုပ်​ပြီး သိ​နေရတာလဲ?" ကျန်းမုရယ်​ သူတို့နှစ်​​ယောက်​အကြား သူ ကြည့်​​လေ ... တခုခုမူမမှန်​တာကို ပိုပြီးခံစားရလေ ... ဒါ​ပေမယ့်​ အဲ့ဒါက ဘာမှန်း အတိအကျ​တော့ သူ မ​ပြောနိုင်​ဖူးရယ်​။

"ဇာတ်​​ရှည်​ကြီးပဲ... " နန်​ရှီဟာ ပင်​ပန်းနွမ်းနယ်​စွာဖြင့်​ သူမနဖူးကို အသာထိလိုက်​တယ်​။ ဒီစကား​လေးလုံးက ကျန်းမုရယ်​နဲ့လုထင်း​ရှောင်​ နှစ်​​ယောက်​စလုံးကို ရည်​ညွှန်း​လေ၏။

ကျန်းမုရယ်​ခမျာ ​မေးချင်​လွန်းလို့ ပါးစပ်​ကိုယား​နေတာဖဲ လုထင်း​ရှောင်​ကြီး ရှိ​နေလို့်​သာ သူ့ခမျာ တခွန်းမှမဟရဲရှာတာ။

ရေချိုးပြီးကာစမို့ သူမဆီက ရနံ့ခပ်​သင်းသင်း​လေး ရ​​နေ​​လေရဲ့။ ကြီးမားပွ​ရောင်းတဲ့တီရှပ်​သည်​ သူမ၏ ​ဖြူ ဝင်းလှ​သော ​ခြေတံသွယ်​သွယ်​တို့အား ​မော်​ကြွားသ​ယောင်​ ဖြစ်​လျက်​ကား လက်​တစ်​ဖက်​ကဖြင့်​ ရှပ်​အင်္ကျီမှ​အ​ပေါက်​အပြဲအား ကြိုးစားဖုံးဖိလျက်ပင်​ရှိသည်​။ ဒီ​မြင်​ကွင်းက ​သွေးကြွ​စေ​ပေ၏၊ သူမက တခြား​ယောက်ျားတစ်​​ယောက်​ရဲ့ ​နေအိမ်​မှာ ဒီပုံစံမျိုးဖြင့်​ ရှိ​နေတာကို ​တွေ့ကြုံရ​တော့ လုထင်း​ရှောင်​တစ်​​ယောက်​ မြင်​မြင်​သမျှအရာအားလုံးကို ဖျက်​စီးပစ်​ချင်​လာသည်​။

သူ့ရင်​ထဲမှာ စက္ကန့်​မခြား ​ဒေါသအမျက် တဟုန်းဟုန်း ထွက်​​နေ​ပေမယ့်​ အဲ့တာက တမဟုတ်​ချင်းအတွင်း သတိထားမိခြင်း​မရှိရ​လေ​အောင်​ ဖြစ်​သွား​​စေသည်​။ လုထင်း​ရှောင်​ဟာ ​ရေခဲရိုက်​မျက်​နှာ​ပေးနက်​ နန်​ရှီ့ ကို အနည်းအကျင်းမျှ ​စောင်းငဲ့ကြည့်​ရှုလိုက်​၏၊ "မင်း ဒီမှာဘဲ ​နေဖို့ စဉ်းစားထားတာလား ဒါမှမဟုတ်​ ငါ နဲ့အတူ ပြန်​လိုက်​မှာလား?"

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now