အခန်း(၆) ထင်​​ပေါ်လွန်းတဲ့​ရွှေမင်းသား

10.1K 1K 41
                                    

"ဥက္ကဌလု, ဒါက...?" ဘားပိုင်​ရှင်​ဟာ အကူအညီမဲ့သလိုခံစားရ၏။ ဒီအ​ခြေအ​နေ​တွေက ဘယ်​လိုဖြစ်​သွားသလဲဆိုတာ သူလုံးဝ နားမလည်​ဘူး။

လုထင်းရှောင်​က အမျိုးသမီးမန်​​နေဂျာရဲ့ မလုံမလဲဖြစ်​​နေတဲ့အမူအရာကို​ အေးစက်​စက်​တစ်​ချက်​ကြည့်​လိုက်​သည်​။ အဲ့ဒီ​နောက်​ က​လေးတ​စ်​​ယောက်​ ဖြတ်​သန်းဖို့ လုံ​လောက်​သည့်​ မျက်​နှာကျက်ရဲ့ လေသာ​ပေါက်​​အောက်​မှာ ရှိ​နေတဲ့​လှေကားကို ကြည့်​လိုက်​၏။ ဒီမှာဘာ​တွေ ဖြစ်​ပျက်​သွားမှန်းကို အကြမ်းဖျင်း​တော့ ခန်းမှန်းမိလိုက်​သည်​။

လူအားလုံးကိုထွက်​သွားဖို့ သူ့လက်​ကို​ဝေ့ယမ်းလိုက်​ပြီး​၊ အဲ့အမျိုးသမီးဆီကို​ ​လျှောက်​သွားကာ ချက်​ချင်း​ပွေ့ချီလိုက်​သည်​။

သူဒီကို​လာပြီး မ,ချီခင်​ကရတဲ့ နူးညံ့ပြီး​အေးမြ​စေ​တဲ့ရနံ့က သူ​​ပွေ့ဖက်​ထားစဉ်​မှာ ပိုပြီးသိသာထင်​ရှားလာ၏။

ပါးပါးလုက သူမကို​ပွေ့ချီလိုက်​တာကို မြင်​လိုက်​ရတဲ့ရတနာ​လေးက ပါးပါးလုကိုမတားပါဘူး။ ဒါ​ပေမဲ့ သူ့ရဲ့မလိုလားခြင်းကို​တော့ သူ့အမူအရာမှာ​ ​ဖော်​ပြ​နေ​လေရဲ့ ... အကယ်​၍ သူသာမငယ်​​ဘူးဆိုရင်​ သူကိုယ်​တိုင်​ပဲ ပါးပါးလုလိုမျိုး သူမကို​ပွေ့ချီသွားမယ်​လို့ ​ပြောချင်​​နေတဲ့ သူ့အမူအရာကို​​မြင်​​နေရ၏။

......

B မြို့​တော်​က ပထမတန်းစားပြည်​သူ့​ဆေးရုံတွင်​...

နန်​ရှီဟာ ​နောက်​​တစ်​​နေ့မနက်​မှာပဲ နိုးလာခဲ့သည်​။ သူမမျက်​လုံးကို ဖွင့်​လိုက်​တဲ့အခါ ပြတင်း​ပေါက်​​နားက ခုံ​ပေါ်မှာထိုင်​​နေတဲ့လူတစ်​​ယောက်​ကို မြင်​လိုက်​ရ၏။

သူ့ရဲ့​ရှည်​လျားတဲ့ ​ခြေ​ထောက်​​တွေကို ပုံမှန်​အတိုင်း​ပေါ့​ပေါ့ပါးပါးပဲ ချိတ်​ထား၏။ သူက သူ့ရဲ့ကျယ်​ပြန့်တဲ့ ပခုံးနဲ့ကျစ်​လျစ်​တဲ့ခါးကို အသား​ပေးပြီးချုပ်​ထားသည့်​ ဝတ်​စုံကို​သေ​သေသပ်​သပ်​ ကျစ်​ကျစ်​လျစ်​လျစ်​ဝတ်​ဆင်​ထား၏။ သူ့ရဲ့အဖြူ ​ရောင်​ရှပ်​အင်္ကျီဟာ ​ကော်​လံအထိ ကြယ်​သီးအားလုံး တပ်​ဆင်​ထားသည်​။ နေ​ရောင်​ထဲမှာ သူဟာ ရွှန်းစို​တောက်​ပ​နေ​ပေမယ့်​ သူ့ရဲ့ခန္ဓာကိုယ်​က​တော့​ ဆီးနှင်းခဲတွေနဲ့ ပိတ်​ဖုံး ကာဆီးထားတဲ့ပုံစံမျိုးဖြစ်​​နေသည်​။ သူ့ရဲ့​အေးစက်​ပြီး တည်​ငြိမ်​တဲ့ အမူအရာသွင်​ပြင်​က​ ​ရှေး​ခေတ်​​နေ့ရက်​​တွေက ဧကရာဇ်​တစ်​ပါးအသွင်​ဖြစ်​​နေ​သည်​။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Where stories live. Discover now