အခန်း(၅၉) ဒုတိယဇာတ်ဆောင်မင်းသားက ချောမောတဲ့ ကြယ်တစ်ပွင့်

7K 915 25
                                    

ဒီတစ်ခေါက်မှာ နန်ရှီက သူမရဲ့ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြခဲ့ပေမယ့် သူမရဲ့ ဂုဏ်သတင်းကိုတော့ ပြန်ပြီး အဖတ်မဆယ်နိုင်သေးဘူး။ လူအများ မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ဘဲ သူမ သရုပ်ဆောင်သွားတာက ကောင်းလွန်းတာမို့ သူမကို လှည့်ဖျားတတ်တဲ့ မြေခွေးမအဖြစ် ပိုပြီး ယုံကြည်သွားကြသေးတယ်။ သူတို့က သူမ သရုပ်ဆောင်နေတာ မဟုတ်ဘဲ သူမရဲ့ စရိုက်အမှန်ကို ထုတ်ပြသွားတာလို့တောင် တွေးနေကြတယ်။ (😯)

ဒါရိုက်တာကတော့ သူမရဲ့ စိတ်အခြေအနေ မတည်ငြိမ်မှာကို စိုးရိမ်တာကြောင့် သူမ မပြန်ခင်လာပြီး နှစ်သိမ့်ပေးရှာတယ်။

"နန်ရှီ ... စိတ်မပူပါနဲ့ .. မင်းနဲ့တွဲရမယ့် ဇာတ်ဆောင်မင်းသားက နောက်လဆိုရင် စပြီး သရုပ်ဆောင်ရတော့မှာ .. ကြည်နူးစရာမြင်ကွင်းလေးတွေ လာတော့မှာပါ .."

နန်ရှီ ခါးသက်စွာ ပြုံးလိုက်မိတယ်။

"ဒါရိုက်တာကော ... တကယ်ပဲ ကျွန်​မရဲ့ ဇာတ်ဆောင်မင်းသားက ဘယ်သူလဲ? ရိုက်ကူးရေးစကတည်းကလျို့ဝှက်ထားတာ .. ခုထိ သဲလွန်စလုံးဝမပေးသေးဘူးနော် ... လှည့်ကွက်တစ်ခုအနေနဲ့ မီဒီယာကို ဖုံးကွယ်ထားတာတော့ နားလည်ပါတယ် .. ဒါပေမယ့် ဘာလို့ ကျွန်​မတို့ကိုပါ မပြောပြရတာလဲ?"

"မပြောနိုင်ဘူး ... တကယ်လို့ မင်းတို့ဆီကနေ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ? သေချာပေါက်ပြောနိုင်တာကတော့ ဒုတိယ ဇာတ်ဆောင်မင်းသားက နာမည်ကြီးကြယ်ပွင့်တစ်ပွင့်ပဲ ..." ကောရှီချန်းရဲ့ မျက်နှာက လျို့ဝှက်မှုတွေနဲ့ ပြည့်နေတယ်။

ကျာ့ချင်းချင်းက ဘေးနားက ဖြတ်သွားရင် ကြားလိုက်တော့ အထင်သေးတဲ့ပုံနဲ့ ရေရွတ်လိုက်တယ်။

"ဒါက ဒုတိယဇာတ်ဆောင်လေးတစ်ယောက်ပါပဲ! သူက ဘယ်လောက်ထိ နာမည်ကြီးနိုင်မှာမို့လဲ? ရုပ်ရှင်ဘုရင် ​ကျောင်​စီကျိုး လောက် ကျော်ကြားနိုင်မှာလား? ဟုတ်တယ်မလား .. အစ်မ ရွှယ်​လျို?"

နန်ရွှယ်​လျိုက ဘာမှမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်တယ်။ ဒါပေမယ့် သူမလည်း 'ဒါရိုက်တာက ပုံကြီးချဲ့လွန်းနေတာပါ' လို့ တွေးနေမှန်း သိသာပါတယ်။

သားတစ်​​ယောက်​ဆို...အ​ဖေလိုက်​ပွဲ![မြန်​မာဘာသာပြန်​]အတွဲ၁ Zawgyi Only Kde žijí příběhy. Začni objevovat